Professional Authors

ငါ့ဘ၀ကကြိုး

လူဆိုတာ ……

တစ်ချိန်ချိန်တော့
ကိုယ်ဖြစ်ချင်တာကိုယ်
လက်တွေ့မဆန်တဲ့စိတ်ကူးထဲ
နင်ရောငါရောရူးချင်တာ
နဲနဲတော့သဘာဝကျတယ်လေ….။

“တောင်းတတိုင်းသာပြည့်မယ်ဆိုရင်
ဘယ်မှာဆန္ဒရှိမည်နည်းတဲ့”
ကောင်းလိုက်တဲ့ စကားလုံးတွေ…

မတူညီတဲ့သဘောတရား၂ခုအတွက်
အလိုက်သင့်နေသွားဖို့ကလွဲပြီး
ငါဘယ်တော့မှ ဆွဲညှိဖို့မကြိုးစားမိဘူး….

ဒီလိုနဲ့ပဲ
ရော့တိရော့ယဲ ကနေတဲ့
ငါ့ဘ၀ရဲ့ကကြိုး
အချိုးမညီမှန်းလဲ
ငါကိုယ်တိုင်သိခဲ့တယ်လေ…..။

In: ကဗျာ Posted By: Date: May 28, 2011
Comment #1

မိုက်ဒလယ် မိုက်ဒလယ်..

commentinfo By: လေလွင့်သူ at May 28, 2011
Comment #2

နှစ်သက်မိတယ် ။

Comment #3

ကောင်းပါတယ်ဗျာ လေးစားပါတယ်

commentinfo By: Demon at May 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment