Professional Authors

စက်ဝန်း

တနေ့မှာ
ငါ ပြောမယ့်စကားတစ်ခွန်းအကြောင်း
ကြိုတင် လေ့ကျင့်ခဲ့ပေါင်းလည်း များခဲ့ပြီ..
( ရင်ဘတ်ထဲမှာပြောပါတယ်)

ရှားပါးစွာ ကြုံကြိုက်ဖူးတဲ့
တွေ့ဆုံမှုတိုင်းမှာ
နေရာတစ်ခု နင့်ဆီရှိလေမလား
မေးခွန်းများစွာနဲ့လူ
သူ ဆိုတာ အချစ်ခဲ့ဆုံးလေ…

ချစ်နေခဲ့ ချစ်နေဆဲ
ချစ်နေအုံးမယ် ကောင်မလေးရေ…
ဘ၀တွေခါးကြောင်းလည်း သိပါရဲ့
ဓါးတွေကြားမှာနေရင်း ထက်အောင်မွမ်းမံလို့
တို့ ခိုင်မြဲမယ့်တစ်ရက်စာကို
အိုဟောင်းနေတဲ့ အတိတ် အဘိဓါန်ကပဲ
ရာသီအတန်တန်ကူးရင်း
ဆွဲထုတ်ခွင့် ပြုလိုက်ပါ…

In: ကဗျာ Posted By: Date: May 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment