Professional Authors

လူနာကုတင် အမှတ် ( ၅ ) မှာ ကျန်ခဲ့တဲ့ အသံ ( လူမော်ငြိမ်း )

ကောင်းကင်က ပြာတယ် … နေရောင်က ဝါတယ်
( ရွေးစမ်းကွာ ) … စိတ်မခိုင်ရင် ရူးသွားမယ် ။

မိသားစု ဝမ်းရေးတွေ ဖျားနာနေချိန်မှာ
အညှောင့်မထွက်သေးတဲ့ အနုပညာနဲ့
နာလန်ထလာအောင် ဘယ်လိုလုပ်ရမှာလဲ ။

ကဲ့ရဲ့တတ်သူတွေက ( လုံးဝ ) ရှုံချတယ်
ဦးနှောက်ကိုတော့ ဓားနဲ့ လာမဆွကြပါနဲ့ …
စိတ်ဓာတ်ကို အဝီစိက ဆယ်ယူနေတုန်းမို့ပါ ။

မဖြစ်နိုင်မှန်း သိပါတယ် … ( ဒါပေမယ့် )
ဘဝဟာ စာတစ်အုပ် ပေတစ်အုပ်သာဆိုရင်
အနုပညာနဲ့ စိမ်းလန်းတဲ့ ရာသီတွေက လွဲလို့
ကျန်တာ အားလုံးကို စုတ်ဖြဲ ပစ်လိုက်ချင်တာ ။

တိမ်မည်းတွေရဲ့ ရွှေရောင် အနားသတ်ဆိုတာ
ကိုင်ဆောင် ရွတ်ဖတ် ရလွန်းတော့လည်း ရိုးပါတယ် ။

လောကနဲ့ သဘာဝကို ဆီလျော်အောင် ဘာသာပြန်တတ်ဖို့
တိုက်ဖူးတဲ့ ခလုတ်နဲ့ … စိုက်ဖူးတဲ့ ငုတ်တွေက သင်ရမယ် ။

ဆင်တံဆိပ် စက္ကူ အင်ပါရာကို မထူထောင်နိုင်ပေမယ့်
ငါ ပျိုးခဲ့တဲ့ … ငါ့ကမ္ဘာမှာ … ငါကတော့ ဘုရင်ပါပဲ ။

စိတ်ချ … ဒီဘဝမှာ မဝေဆာခဲ့ရင် နောက်တစ်ခါ ( သေချာ ) ပြန်လာမယ် ။             ။

လူမော်ငြိမ်း
Sunday , May 08 , 2011

In: ကဗျာ Posted By: Date: May 8, 2011
Comment #1

ဘဝဟာ စာတစ်အုပ် ပေတစ်အုပ်သာဆိုရင်
အနုပညာနဲ့ စိမ်းလန်းတဲ့ ရာသီတွေက လွဲလို့
ကျန်တာ အားလုံးကို စုတ်ဖြဲ ပစ်လိုက်ချင်တာ ။
အဲဒါလေးကိုကြိုက်တယ် ကျန်တာတွေလည်းမိုက်တယ်ဗျို့

commentinfo By: Moe Thit Lay Pyay at May 8, 2011
Comment #2

ကျေးဇူးတင်ပါတယ် … မိုးတိမ်လေပြေ ။

Comment #3

အမြင်မှားပြီး …နာမည်အရေးမှားသွားတဲ့အတွက်
တောင်းပန်ပါတယ် … မိုးသစ်လေပြေ ။

Comment #4

ဆင်တံဆိပ် စက္ကူ အင်ပါရာကို မထူထောင်နိုင်ပေမယ့်
ငါ ပျိုးခဲ့တဲ့ … ငါ့ကမ္ဘာမှာ … ငါကတော့ ဘုရင်ပါပဲ ။

စိတ်ချ … ဒီဘဝမှာ မဝေဆာခဲ့ရင် နောက်တစ်ခါ ( သေချာ ) ပြန်လာမယ် ။ ။

commentinfo By: abcd at May 8, 2011
Comment #5

မိုက်တယ်ဗျာ
အားပေးတယ်ဗျို့

commentinfo By: mg chann aye at May 8, 2011
Comment #6

မဖြစ်နိုင်မှန်း သိပါတယ် … ( ဒါပေမယ့် )
ဘဝဟာ စာတစ်အုပ် ပေတစ်အုပ်သာဆိုရင်
အနုပညာနဲ့ စိမ်းလန်းတဲ့ ရာသီတွေက လွဲလို့
ကျန်တာ အားလုံးကို စုတ်ဖြဲ ပစ်လိုက်ချင်တာ ။
ဝမ်းမဝမဲ့စာသားနဲ့..သကရာဇ်ကို ခဏခဏစားလို့နဲ့ထင်ပ.. 😛 ကဗျာလေးတွေအားလုံးကကောင်းတယ်
ဒီတစ်ပုဒ်လဲကြိုက်သွားတယ်သားရေ.. 🙂 … LIKE…. 😀

commentinfo By: ရွှေငါး at May 9, 2011
Comment #7

ကိုယ်ပိုင် အချိန်လေးတွေထဲက
၂ မိနစ်လောက် ဖဲ့ပေးပြီး
မှတ်ချက်ရေးသွားတဲ့
abcd , mg chann aye နဲ့ ရွှေငါး တို့ကို
ကျေးဇူး အထူး တင်ပါတယ်ဗျာ ။
ကျန်းမာ ပျော်ရွှင်ကြပါစေ ။

Comment #8

ကဲ့ရဲ့တတ်သူတွေက ( လုံးဝ ) ရှုံချတယ်
ဦးနှောက်ကိုတော့ ဓားနဲ့ လာမဆွကြပါနဲ့ …
စိတ်ဓာတ်ကို အဝီစိက ဆယ်ယူနေတုန်းမို့ပါ

commentinfo By: black at May 10, 2011
Comment #9

နှစ်သက်မိတဲ့ စာသားကို
အချိန်ယူ ဖော်ပြပေးသွားတဲ့
Black ကို ကျေးဇူးတင်ပါတယ် ။

အနှောင့်အယှက်ကင်းတဲ့ ဘဝမှာ
ပျော်ရွှင်စွာ နေထိုင်ခွင့် ရပါစေ ။

Comment #10

စိတ်ချ … ဒီဘဝမှာ မဝေဆာခဲ့ရင် နောက်တစ်ခါ ( သေချာ ) ပြန်လာမယ် ။

လိုချင်လို့ ၇လာ၏ …မလိုချင်ပါနဲ့တော့လားဗျာ။

အားပေး ပြီး ပေါဆ၇ာ လုပ်သွားတယ်။

commentinfo By: မယ်မနော at May 29, 2011
Comment #11

ဟား … ရပါတယ်ဗျာ ။

လတ်တလောကတော့
လိုချင်နေသေးတယ်လို့
ဝန်ခံရလိမ့်မယ် ထင်တယ် ။

Comment #12

လောကနဲ့ သဘာဝကို ဆီလျော်အောင် ဘာသာပြန်တတ်ဖို့
တိုက်ဖူးတဲ့ ခလုတ်နဲ့ … စိုက်ဖူးတဲ့ ငုတ်တွေက သင်ရမယ် ။

ဆင်တံဆိပ် စက္ကူ အင်ပါရာကို မထူထောင်နိုင်ပေမယ့်
ငါ ပျိုးခဲ့တဲ့ … ငါ့ကမ္ဘာမှာ … ငါကတော့ ဘုရင်ပါပဲ ။

စိတ်ချ … ဒီဘဝမှာ မဝေဆာခဲ့ရင် နောက်တစ်ခါ ( သေချာ ) ပြန်လာမယ် ။ ။

Comment #13

မဖြစ်နိုင်မှန်း သိပါတယ် … ( ဒါပေမယ့် )
ဘဝဟာ စာတစ်အုပ် ပေတစ်အုပ်သာဆိုရင်
အနုပညာနဲ့ စိမ်းလန်းတဲ့ ရာသီတွေက လွဲလို့
ကျန်တာ အားလုံးကို စုတ်ဖြဲ ပစ်လိုက်ချင်တာ ။

တိမ်မည်းတွေရဲ့ ရွှေရောင် အနားသတ်ဆိုတာ
ကိုင်ဆောင် ရွတ်ဖတ် ရလွန်းတော့လည်း ရိုးပါတယ် ။

လောကနဲ့ သဘာဝကို ဆီလျော်အောင် ဘာသာပြန်တတ်ဖို့
တိုက်ဖူးတဲ့ ခလုတ်နဲ့ … စိုက်ဖူးတဲ့ ငုတ်တွေက သင်ရမယ် ။

ဆင်တံဆိပ် စက္ကူ အင်ပါရာကို မထူထောင်နိုင်ပေမယ့်
ငါ ပျိုးခဲ့တဲ့ … ငါ့ကမ္ဘာမှာ … ငါကတော့ ဘုရင်ပါပဲ ။

စိတ်ချ … ဒီဘဝမှာ မဝေဆာခဲ့ရင် နောက်တစ်ခါ ( သေချာ ) ပြန်လာမယ် ။ ။

ကိုလူမော်ငြိမ်းဆိုတဲ့ ဆရာသမားရေ…ကျွန်တော် အပြတ်လေးစားသွားတယ်ဗျာ…

commentinfo By: နိုးဆက် နေ့ at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment