Professional Authors

နင်သိစေဖို့……။ ။

ငိုသံတွေ သက်တမ်းရှည်ခဲ့တယ်
ပြန်ဆုံချိန် ကင်းမဲ့ခဲ့လို့တဲ့….။
 
အဖြစ်ဆိုးမဟုတ်ပေမယ့်
အသည်းကွဲရခြင်းက
ကံဆိုးမှုတွေထဲမှာ တစ်ခုပါတယ်….။
 
နင့်ကို ငါချစ်နေရတာ
မွေးရာပါမဟုတ်
ဒါပေမယ့်
သေချာတယ်……ဒါက သေရာပါမယ့် ရင်ခွင်ရဲ့အနာ…။
 
ပူဆွေးပေးလိုက် ခံစားပေးလိုက်
နင့်ကြောင့်ဆိုရင်လေ
နာကျဉ်းဖို့ကလွဲ
အားလုံးသော အတွေ့အကြုံတွေ
ငါ့ရဲ့ဘေးနားမှာ ရှိတယ်…..။
 
ရင်ဆိုင်နိုင်ပါတယ်
နင်ပေးတဲ့အလွမ်း
နေထက်မက ဆယ်ဆပြင်းလည်း
နင်ရှိနေတဲ့ နှလုံးသားကတော့
ဘယ်တော့မှ ငါ့ကို မပူလောင်စေခဲ့ဘူး….။
 
ဆန္ဒပါပဲ
နင့်ကြောင့် ကြေကွဲနေရသူအတွက်
ဖြေသိမ့်ပေးဖို့ သက်သက်
တစ်ပါးသူရဲ့ သစ္စာကို မချိုးဖောက်ပါနဲ့….။
ဖြူစင်ခဲ့သော ငါ့ တမ်းတမှု
အကျင့်ပျက်ပြီး သိက္ခာမဲ့မှာ စိုးတယ်….။
 
တွေဝေစွာနဲ့တော့
နင်ပြန်မလာခဲ့နဲ့
နင့်ကို ပိုင်ဆိုင်ရဖို့ဆို
ငါ့…..စိတ်ထဲက ရယူလိုမှုတွေက ဗလာကျင်း ခံထားရတယ်….။
 
ငါနင့်ကို ချစ်နေရဖို့
အဝေးက နေရာကို ရွေးလို့ထားတယ်…..
တစ်နေ့ထက်တစ်နေ့ 
မတူခဲ့သော တမ်းတမှုမျိုးနဲ့
နင့်ကိုပဲ ငါ ဆက်ချစ်နေပါ့မယ်….။
 
မိန်းမတစ်ယောက်ရဲ့ အချစ်ဟာ
ဘယ်အရပ်ဒေသမှာပဲ ဖြစ်ဖြစ် အမြဲရှင်သန်နေတယ်ဆိုတာ…..
နင်…..အချိန်ကြာတော့လည်း သတ်မှတ်နိုင်လာမှာပါ…။    ။
In: ကဗျာ Posted By: Date: May 25, 2011
Comment #1

နင့်ကို ငါချစ်နေရတာ
မွေးရာပါမဟုတ်
ဒါပေမယ့်
သေချာတယ်……ဒါက သေရာပါမယ့် ရင်ခွင်ရဲ့အနာ…။
ဟာ…ကောင်းလိုက်တာဗျာ…

commentinfo By: poem.jinx28 at May 25, 2011
Comment #2

တစ်နေ့ထက်တစ်နေ့
မတူခဲ့သော တမ်းတမှုမျိုးနဲ့
နင့်ကိုပဲ ငါ ဆက်ချစ်နေပါ့မယ်….။

commentinfo By: နှင်း at May 25, 2011
Comment #3

ငိုသံတွေ သက်တမ်းရှည်ခဲ့တယ်
ပြန်ဆုံချိန် ကင်းမဲ့ခဲ့လို့တဲ့….။

အဖြစ်ဆိုးမဟုတ်ပေမယ့်
အသည်းကွဲရခြင်းက
ကံဆိုးမှုတွေထဲမှာ တစ်ခုပါတယ်….။

နင့်ကို ငါချစ်နေရတာ
မွေးရာပါမဟုတ်
ဒါပေမယ့်
သေချာတယ်……ဒါက သေရာပါမယ့် ရင်ခွင်ရဲ့အနာ…။

commentinfo By: MyoZin at Jul 3, 2011
Comment #4

right,,
i agree with u,

commentinfo By: ei lay at Aug 20, 2011
Comment #5

အရမ်းကောင်းတဲ့စာသားလေးတွေပဲ…….အားပေးပါတယ်နော်…….

commentinfo By: ကြယ်စင်နတ်သမီး at Mar 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment