Professional Authors

Lonely Heart Tree

ငါဟာနင့်အတွက် သစ်ပင်ကြီးတပင်ပါ
နင်ပျံသန်းရင်းမောပန်းတဲ့ အခါ ခိုနားဖို.အရိပ်လေးပေါ့
နင်ရင်ခုန်တက်တဲ့အခါ ငါ့အကိုင်းကိုချိုး
ခပ်ရိုးရိုးလေး နင့်ချစ်သူနာမည်ရေးထိုးဖို. သစ်ကိုင်းခြောက်လေးပေါ့
နင်စိတ်ညစ်တဲ့အခါ နင်ပြောသမျှနားထောင်ပေးမယ့်သက်မဲ့ ရင်ဘတ်ကြီးပေါ့………

နင်အထီးကျန်အားငယ်တဲ့အခါ နင့်အပေါ်ကနေရိပ်မိုး
ငါ့ဟာနင့်အတွက် တစ်မျိုးထဲသော သစ်ပင်လေးပေါ့
သံယောဇဉ်ဆိုတာ အပင်ကြီးလာတိုင်း နုတ်ရခက်တဲ့ နှလုံးသားနွယ်ပင်ဆိုရင်
အလွမ်းက အစားထိုးဖို.ခက်တဲ့ အိပ်ရာဝင် ကဗျာတပုဒ်ပေါ့ အထီးကျန် ရင်ဘတ်နဲ.ဖတ်မှ စာထွက်မယ်ထင်တယ်

In: ကဗျာ Posted By: Date: May 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment