Professional Authors

ရတနာ (၁၄)

ရတနာ (၁၄)

ထာဝရအတွက်
နှုတ်ဆက်ဝမ်းနည်း၊ ကြေကွဲရပြီ
သည်တစ်ခါတော့၊ ဝေးကြတော့မည် …………….

မိုးသည်းညနေ
ခရေလမ်းမှာ၊ ဘာကြောင့်မတွေ့
မတွေ့တာလဲ၊ ၀မ်းနည်းရင်ခုန်
ပြန်ပြီးဆုံတော့၊ မလုံမလဲ စိတ်
အလွမ်းရိပ်ဖြင့်၊ အိပ်မပျော်ခဲ့ဘူး ……….

ဆံပင်ခေါင်းဖြီး၊ ပေးတဲ့ဘီးဖြင့်
ဖြီးသင်မှန်ကြည့်၊ မြင်သည့်အရာ
မှန်ထဲမှာလဲ၊ သူပါပဲကွယ်
ဘယ်မှာဖြစ်ဖြစ်၊ အချစ်ရှိတယ် ။

ဖောင်တိန်မီးခြစ်၊ ပစ္စည်းလေးတွေ
ဝေပေးတဲ့မုန့်၊ မျက်နှာငုံ့ကြည့်
ထိခိုက်ကျွမ်းမြည့်၊ ဘယ်နေ့အထိ
ရှိနေမှာလဲ၊ စားပွဲထိုင်ပြန်
မှန်အောက်က ပို့စကတ်
လွမ်းနေတတ်အောင်၊ အမှတ်တရတွေ
ပြည့်နေပါလား ၊ စကားပြောတဲ့ဖုန်း
ဟိုတုန်းက သူ့အသံ ပြန်ကြားယောင်လျက်
တစ်ရက်တစ်နေ့၊ တစ်သက်မေ့ပါလားကွယ်

နှင်းဝေနံနက်၊ ပြေးဖက်အဖော်
တစ်ရက်ခေါ်စဉ်၊ စိတ်ကူးယဉ်ဖြစ်
ချစ်ခရီးဖော်၊ ဖြစ်လျှင်တော်စွ
အပျော်အိပ်မက်၊ နံနက်ကနှင်း
နေ့ခင်းလွင့်ပြယ်၊ တကယ်မဟုတ်
သြော် ………. ဘယ်ဒုက္ခနဲ့ မတူတဲ့ အချစ်
သူနဲ့ဖြစ်မှ ကြုံဖူးပြီ …………..

ခေါ်တော့ဘူးကွယ်
သူ့အတွယ်အတာ၊ သူ့ကမ္ဘာမှာ
သူသာပျော်ရစ်၊ သစ္စာရှိစေ
နေပါစေလား
သွားမည်နှုတ်ဆက်
သက်လုံးမမေ့၊ တမြည့်မြည့်လေ
ကြေကွဲရပြီ … သည်တစ်ခါတော့ …
ဝေးကြတော့မည် ….. ။ ။

Comment #1

သြော် ………. ဘယ်ဒုက္ခနဲ့ မတူတဲ့ အချစ်
သူနဲ့ဖြစ်မှ ကြုံဖူးပြီ …………..

ခေါ်တော့ဘူးကွယ်
သူ့အတွယ်အတာ၊ သူ့ကမ္ဘာမှာ
သူသာပျော်ရစ်၊ သစ္စာရှိစေ
နေပါစေလား
သွားမည်နှုတ်ဆက်
သက်လုံးမမေ့၊ တမြည့်မြည့်လေ
ကြေကွဲရပြီ … သည်တစ်ခါတော့ …
ဝေးကြတော့မည် ….. ။ ။

commentinfo By: May Kha at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment