Professional Authors

မဖြည်.ခဲ့သော ကွက်လပ်…………….?

မျှော်လင်.ခြင်းတွေ
 အရောင်တင်လို.
နင်ပေးခဲ့တဲ့ အိပ်မက်
အသက်ဆက်ဖို.
ည ညတွေကို
ငါနက်ပစ်လိုက်တယ်။

အပေးအယူရှိတဲ့
ဆုတောင်းတစ်ခု တောင်းရင်း
ငါ. နှလုံးကို စတေး
ဒီရင်ခွင်ဘယ်ဘက်
အသက်မရှိဘဲ
ဖြစ်ခဲ့ရတယ်။

မိုးရွာလို.ပျော်နေတဲ့သူ ငါ
မသိခဲ့တာတစ်ခုက
အချိန်အခါမဲ့ မိုးမှာ
မိုးကြိုးကတော.
တစ်ချက်တစ်ချက်
ပစ်တတ်တာပါပဲလို.။

နင်ပေးတဲ့နေရာမှာနေ
အချိန်တိုင်း ငါပျော်နေခဲ့တာ
ဇာတ်ဆုံးမှ သိလိုက်ရတာ
ငါ.နေရာက ဗီလိန်။
မင်းသားခေါင်း
ဆောင်းထားတာမဟုတ်ပါဘူး
နဂိုကတည်းက
ငါဟာ  ဒသာဂီရိ။

လွှဲမှားနေတဲ့
ဝါကျတွေကြား
ကံကြမ္မာရဲ့ မျက်နှာသာပေးမှု့ကိုစောင်.
နေသာဝင်သွားတယ်
ကံကြမ္မာဆိုတဲ့ကောင်
ငါ. အတွက်
မိုးမတိတ်ပေးခဲ့ဘူး။

ဒဏ်ရာများပြုလုပ်သူဟာ နင်
အပြုခံ နာမ်က ငါ
ဖြစ်ခဲ့လည်း
ထုံကျင်နေတဲ့  ချစ်ခြင်းမှာ
နေ.စဉ် ခွင်.လွှတ်ခြင်းတွေရှိတယ်။

တစ်ယောက်တစ်မျိုး
ရူးနေတဲ့လောကထဲ
ငါ. အတ္ထုပတ္တိ
ငါရေးခဲ့တယ်
ငါ.ကို နာကျင်စေခဲ့တဲ့ကွက်လပ်
ငါ ဘယ်တောမှ မဖြည်.ရက်ခဲ့ပါဘူး။
                                                 wx@d…?

In: ကဗျာ Posted By: Date: May 18, 2011
Comment #1

တစ်ယောက်တစ်မျိုး
ရူးနေတဲ့လောကထဲ
ငါ. အတ္ထုပတ္တိ
ငါရေးခဲ့တယ်
ငါ.ကို နာကျင်စေခဲ့တဲ့ကွက်လပ်
ငါ ဘယ်တောမှ မဖြည်.ရက်ခဲ့ပါဘူး။

commentinfo By: မောင် at May 20, 2011
Comment #2

ကောင်းလှချည်လား စကားလုံးတွေက …..

ငါ.ကို နာကျင်စေခဲ့တဲ့ကွက်လပ်
ငါ ဘယ်တောမှ မဖြည်.ရက်ခဲ့ပါဘူး။

အဲ့ဒီကွက်လပ်လေး သူ့အလိုလို ပြည့်လာပါလိမ့်မယ်ဗျာ…
ပျော်ရွှင်ပါစေ

Comment #3

ကျးဇူးပါဗျာု

commentinfo By: wx@d...? at May 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment