Professional Authors

သက်ဆိုင်သူသို့

မီးခြစ်နှစ်လုံး ဖဲထုပ်နှစ်ထုပ်
အမှတ်တရ ငါသိမ်းထားတယ်
TAXI ပေါ်မှာ ဖဲရိုက်တာ
ပန်းခြံတွေထဲမှာ နှစ်ယောက်ထဲထိုင်ပြီးဖဲရိုက်တာ
သရဲရထားစီးတာ၊ ဘောလိန်းကစားတာ
အော်မိုးရွာရင်လည်း လွမ်းမိပါတယ်
အလုပ်ပျက်ပြီး အဖြေတောင်းခဲ့တာ
ကားမှတ်တိုင်ကျော်ပြီး ငါးထပ်ကြီးရောက်သွားတာ
နောက်ဆုံးမှာ နင်ကြိုက်တဲ့ ဒံပေါက်ကို လိုက်စားမိလို့
ငါအစာအိမ်ရောင်သွားတာ
အသည်းလက်နှစ်လုံးလောက်ကြီးသွားတယ်
အော် ငါအခုတော့
ဆေးလိပ်ဆိုပြက်
ကွမ်းလည်းပြက်
ဘီယာ အရက် အကုန်ပြက်
နင့်နဲလည်းပြက်ပြီလေ
စောက်ကျိုးနဲ အချစ်ပေါ့ကွာ
ဘယ်တတ်နိုင်မှာလည်း
နင်ကတော့ ငါနဲ့ပတ်သက်တဲ့
မိန်းမတွေထဲမှာ နောက်ဆုံးဖြစ်သွားပြီပေါ့
ငါရဲ့ ပထဆုံးချစ်သူ
နောက်ဆုံး သောမိန်းမ
မုန်းတယ်၊ချစ်တယ်
အလဲအကွဲရူံးခဲ့တယ်
အခုတော့ နင့်ရဲ့အဝေးကိုသွားပြီ
ဝေးသထက်ဝေးရင်
ဆွေးသထက်ဆွေးရုံပဲရှိမှာပါ
မလွမ်းတော့ပါဘူး
အချစ်တွေပေါ့မှာဆိုးလို့
အဝေးကချစ်နေပါတော့မယ်

In: ကဗျာ Posted By: Date: May 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment