Professional Authors

သံစဉ်ကျိုးကြေတစ်ပုဒ်

တစ်ခါတစ်ခါငါနဲ့မယ်ဒလင်အိုကြီးတို့
အနုပညာသံစဉ်တွေကဗျာတွေအကြောင်း
စကားတီးတိုးစမြည်ဆိုကြဖူးတယ်…
ကံကြမ္မာဧည့်ဝတ်ပြုတဲ့ကော်ဖီခပ်ခါးခါးတစ်ခွက်ကို
ဝိုင်အရက်လိုသဘောထားသောက်သုံးရင်းနဲ့
အချစ်+မျှော်လင့်ချက်>>>အလွမ်း
Equationတွေနှလုံးသားမှာပြန့်ကြဲလာတာ
မသိခဲ့ရဘူး

ဗလာကျင်းနေတဲ့ရင်ထဲ
အလွမ်းတွေ….အဆွေးတွေ….
ပစ်ခတ်မှုမဖြစ်ပါစေနဲ့တော့ဗျာ…
တစ်ခါတစ်ခါပစ်ခတ်လိုက်တိုင်း
သည်ကောင်ရဲ့ ရင်ထဲမှာကသုန်းကရိုင်းနဲ့
မီးခိုးမှိုင်းလိုပြာရိသော
ဝေဒနာတွေသာအရောင်ထင်ခဲ့ရတာခင်ဗျားတို့မှမသိတာ

အလင်းမရှိတဲ့ငါ့ရဲ့ ချစ်ခြင်းထဲမှာ
အမှောင်တွေသာဒေါင်လိုက်ခြားလို့….
တောင်ထိပ်ရောက်ပြီးမှပြိုကျရတဲ့အဖြစ်က
ခါးသီးလွန်းလှတယ်
နာရီလက်သံတစ်ချက်ချက်အောက်
ပျောက်ဆုံးခဲ့ရသောအချိန်များ
ကြွားဝါခဲ့သောဒဏ်ရာတွေနဲ့
တေလေခဲ့တာအချိန်ကြာခဲ့ပြီ

ကျွန်တော့်အပေါ်ဖွင့်ဆိုချက်တွေ
အလင်္ကာမြောက်တာတွေ
ဋီကာသွားဋီကာလာတို့ရဲ့ ချဲ့ ပြမှုတွေ
အားလုံးပြန်ရုပ်သိမ်းပေးပါ
အညတရဆိုတာထက်မပိုတဲ့ကဗျာတွေစာတွေနဲ့
ပေကျံနေခဲ့ပုံကမှကြည့်လို့ကောင်းတယ်
ကကြီးခခွေးမရေးတတ်တဲ့သံစဉ်တစ်ပုဒ်ရဲ့ အဆုံး
နှလုံးသားလည်းတရုန်းရုန်းလှုပ်ခါရင်း
လောကအရှုပ်အရှင်းတွေကြား
ရိုးသားရတာပင်ပန်းခဲ့ပြီပဲ
                                                   မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: May 17, 2011
Comment #1

ဗလာကျင်းနေတဲ့ရင်ထဲ
အလွမ်းတွေ….အဆွေးတွေ….
ပစ်ခတ်မှုမဖြစ်ပါစေနဲ့တော့ဗျာ…
တစ်ခါတစ်ခါပစ်ခတ်လိုက်တိုင်း
သည်ကောင်ရဲ့ ရင်ထဲမှာကသုန်းကရိုင်းနဲ့
မီးခိုးမှိုင်းလိုပြာရိသော
ဝေဒနာတွေသာအရောင်ထင်ခဲ့ရတာခင်ဗျားတို့မှမသိတာ
………………
ကျွန်တော်နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #2

arr pay twar par d,

commentinfo By: ei lay at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment