Professional Authors

အဆွေးလူသား(မင်းလူန)

ရင်ခွဲဖို့ 
စကားလုံးကြမ်းကြမ်းတွေရွေးသုံးသွားစရာမလိုဘူးမေ………………….
ဒီမှာမင်းမျက်စောင်တစ်ချက်နဲ့ ကို
ကမ္ဘာပျက်နေရတဲ့ ကောင်ပါ။။။။။။။
ဆွေးမြှေ့ ခြင်းဟာ
အရသာရှိတဲ့ ဖျော်ရည်တစ်ခွတ်မဟုတ်ပေမဲ့ 
ဒီကောင်က
တစ်ရှိုက်မတ်မတ်မော့ သောက်နေမိတုန်း
လမ်းခွဲတုန်းက
ငါကျခဲ့ တဲ့ မျက်ရည်မှာ
ငါ့ အသဲတစ်ခြမ်းပဲ့ သွားတယ်
ခု………..ကျန်နေတဲ့ တစ်ခြမ်းနဲ့ မင်းကို
ဆက်ပြီးသတိရနေလိုက်တာ
အလွမ်းကဘယ်တော့ မှမိုးမလင်းတော့ သလို
လူတောင်နုံးချိတုန်ရင်နေပြီ…………….

                                           မင်းလူန

In: ကဗျာ Posted By: Date: May 11, 2011
Comment #1

ရင်ခွဲဖို့ 
စကားလုံးကြမ်းကြမ်းတွေရွေးသုံးသွားစရာမလိုဘူးမေ………………….
ဒီမှာမင်းမျက်စောင်တစ်ချက်နဲ့ ကို
ကမ္ဘာပျက်နေရတဲ့ ကောင်ပါ။။။။။။။
ခံစားချက်ခြင်းတူလိုက်တာဗျာ…..မိုက်တယ်…အားပေးနေပါတယ်…

commentinfo By: terry at May 11, 2011
Comment #2

အကို ဘယ်အချိန်ပဲဖတ်ဖတ် အကို့ကဗျာတွေကလန်းနေတာပဲနော်
တကယ်ပြောတာပါ

commentinfo By: အိမ်မက်နွေ at May 11, 2011
Comment #3

ရင်ခွဲဖို့ 
စကားလုံးကြမ်းကြမ်းတွေရွေးသုံးသွားစရာမလိုဘူးမေ………………….
ဒီမှာမင်းမျက်စောင်တစ်ချက်နဲ့ ကို
ကမ္ဘာပျက်နေရတဲ့ ကောင်ပါ။။။။။။။
ဒါလဲGOOD တာပဲ။

commentinfo By: ရွှေငါး at May 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment