Professional Authors

ဖြေသိမ့် သံ………………….မင်းလူန

သန်ခေါင်ထက်နက်တဲ့ ညနဲ့ 
ရှင်သန်ချိန်ဟာ
ချောက်နက်ထဲတွင်းထပ်တူသလို
နစ်မွန်း……….
ပြန့် ကြဲသမျှအတွေးတွေနဲ့ 
အားရုံခြောက်ပါးနောက်လိုက်ရင်
အာခေါင်ခြောက်အောင်တွက်ထိုးမိတယ်ြ
ခုတော့ ……….
အတွေးတွေကြဲချဖို့ 
ကလောင်တံထမ်းပိုးရင်း
ကဗျာတစ်ပုဒ်အန်ချ……….
ကွမ်းတယာရေတစ်မုတ်နဲ့ 
သက်သူလို့ မထင်ပါဘူး
မင်းအမုန်းကြောင့် 
အစွန်းရောက်တဲ့ စစ်သွေးကြွတွေလို
မဲမဲမြင်ရာပစ်ချင်နေမိတယ်။။။။။။။။။။။။။
ချိစ်နဲ့ ကြက်သွန်ဖြူ
မြုန့် ပြီးအမြုပ်တစီစီသောက်ချလိုက်မှပဲ
မသိကိန်းတွေ
အဖြေထွက်သွားတယ်ထင်လို့ 
လမ်းလွဲတွေ
ခဏခဏဖြတ်လျှောက်မိပြန်ရော
မေ…………
အိမ်မက်ဖို့ 
အိပ်စက်ခြင်းတွေတောင်အခိုးခံရမှတော့ 
ရက်လွန်နေတဲ့ 
သစ်သီးပုပ်ကိုမစားတာ
မင်းအပြစ်မဟုတ်ပါဘူးကွယ်……….
……………………………………
…………………………………….မင်းလူန

In: ကဗျာ Posted By: Date: Aug 18, 2010
Comment #1

မေ…………
အိမ်မက်ဖို့ 
အိပ်စက်ခြင်းတွေတောင်အခိုးခံရမှတော့ 
ရက်လွန်နေတဲ့ 
သစ်သီးပုပ်ကိုမစားတာ
မင်းအပြစ်မဟုတ်ပါဘူးကွယ်……….

ကြိုက်၏

commentinfo By: anatyong at Aug 18, 2010
Comment #2

အိမ်မက်ဖို့ 
အိပ်စက်ခြင်းတွေတောင်အခိုးခံရမှတော့ 
ရက်လွန်နေတဲ့ 
သစ်သီးပုပ်ကိုမစားတာ
မင်းအပြစ်မဟုတ်ပါဘူးကွယ်……….
……………………………………

commentinfo By: အသဲကွဲမိုး at Jul 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment