Professional Authors

လိုအပ်ချက်

၁၂ရာသီဟာအချိန်စက်ဝန်းပေါ်မှာ
ချားရဟတ်စီးနေခဲ့တာပေါ့
ကျွန်တော်သူ့ဆီမှာ
၉၇၂သွယ်ရဖို့ကြိုးစားရဦးမယ်လေ
အဝေးကိုထွက်ခွာသွားတဲ့
သူ့ရဲ့ ကျောပြင်လေးကိုငေး
ကျွန်တော်တစ်ကိုယ်တည်း
ဆွေးနေခဲ့ရတာကြာပြီ
ကောင်းကင်နဲ့ကြယ်ကြား
အလှမ်းမမှားချင်ပေမယ့်လည်း
အနေအထားကတော့
ပြဒါးတစ်လမ်းသံတစ်လမ်းထက်
တစ်ဝက်မကခြားခဲ့ရတယ်
                                         မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: May 10, 2011
Comment #1

အလှမ်းမမှားချင်ပေမယ့်လည်း
အနေအထားကတော့
ပြဒါးတစ်လမ်းသံတစ်လမ်းထက်
တစ်ဝက်မကခြားခဲ့ရတယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at May 10, 2011
Comment #2

၉၇၂သွယ်ရဖို့ကြိုးစားရဦးမယ်လေ
အဲဒါဘာကိုပြောတာလဲဟင်

commentinfo By: Flora White at May 10, 2011
Comment #3

၅၂၈+၉၇၂=၁၅၀၀ ကျေးဇူးပါ ကို/မ ကဗျာ.ကဗျာ၂၈ 😀

commentinfo By: Moe Thit Lay Pyay at May 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment