Professional Authors

သံလွင်သက်သေ

နင်အသိဆုံးပါ  မိသံလွင်
ငါံရင်မှာ ဝေဒနာပေါင်းချုပ် တစ်ထပ်
နင် ခေါင်းအုံးအိပ်လိုက်ပါ…

ခဲသားရင့်ရင့်ရိုးမတနေရာမှာ
ငါခင်းဖို့ ဖျာတစ်ချပ်စာ
ချစ်တဲ့ ရွှေမြိုင်သူအတွက်
ချန်ထားပေးစေချင်ပါရဲ့…

သူမကိုချစ်မိလို့
ဘ၀နဲ့ ကဗျာ ပြန်လာလဲမယ့်အကြောင်း
တိတ်တိတ်လေး လျှို့ဝှက်ထားပေးဖို့
ငါ လေးလေးနက်နက်တောင်းဆိုပါရစေ…

ထားခဲ့ပါရစေ မိသံလွင်
နင်နဲ့အတူ မခွဲနိုင်တဲ့ သူမအတွက်
ရာသက်ပန် ခိုင်မြဲဖို့
နားလည်မှုတစ်ခု၊ ကြိုဆိုခြင်း တစ်ခွန်းနဲ့
လိုအပ်ချက်တစ်ချို့အတွက်
ငါ လူချည်းသက်သက်
နှလုံးသားမတပ်ဘဲ ပြန်ရအုံးမယ်ကွဲ့…

ခုတော့ သူမနဲ့အတူ
နေရစ်ခဲ့ပါ….

In: ကဗျာ Posted By: Date: May 7, 2011
Comment #1

ငါ လူချည်းသက်သက်
နှလုံးသားမတပ်ဘဲ ပြန်ရအုံးမယ်ကွဲ့…
အားပေးသွားပါတယ်

commentinfo By: poem.poem28 at May 8, 2011
Comment #2

တခါတလေ လမ်းဘေးမှာအိပ်ပေါ့…ဖျာမှမရှိတာ..
ကောင်းတယ်ဗျာ…

commentinfo By: minratha at Jun 29, 2011
Comment #3

နှစ်သက်မိပါတယ် အားပေးနေလျှက်

commentinfo By: အသဲကွဲမိုး at Oct 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment