Professional Authors

ချုပ်ရိုးပြေနေတဲ့ စိတ်(မင်းလူန)

စကားကွန်ယက်ထဲမှာ
ကဗျာလို့ ခေါ်လို့ ရတာတွေက
ကဗျာပေါ့ ဗျာ။။။။။။။။။။။။။။။။။။။။
သိပ်တာဝန်မဲ့ နေတယ်ဆိုရင်တောင်
ဝမ်းစာတောင့် နေသူတွေရဲ့ 
လေသံနဲ့ 
ကျုပ်ကဗျာကို
ဖြစ်ရလေကဗျာဆရာရယ်လို့ ညဉ်းခဲ့ လိုက်ပါ
ဒီမှာဆုပ်ကိုင်လို့ ရတာတွေကို
အထုပ်ထုပ်ထားတဲ့ အကျင့် ကိုဖျောက်ကြပါစို့ 
မျက်စောင်းချိတ်မဲ့ အစား
အချင်းချင်းမော့ သောက်မဲ့ အစား
စိတ်ခံစားချက်တွေဖြန့် ခင်းတာကိုလွပ်လွပ်လပ်လပ်
နေထိုင်ခွင့် ပေးလိုက်။။။။။။။။။။။။။။။။။။။။။။။။။။။
ဝေဒနာသည်ကိုကဗျာဆရာလို့ 
မောင်ခိုင်မာပြောသလို
ဘာကိုညာညာ
အစာအိမ်ကိုညာလို့ မရဘူးလို့ ဦးချောနွယ်ပြောသလို
ကဗျာဆရာက
အစာအိမ်အတွက်ကဗျာမရေးပေမဲ့ 
စာမူခကိုတော့ 
အရည်ဖျော်ချလိုက်ရတဲ့ အခါလည်ရှိရဲ့ ဗျာ။။။။။။။။။။။။။။။။။။။
ရပ်ဝန်းထဲမှာ
တွန်းလိုက်တိုက်လိုက်နဲ့ 
သိပ်မောတာပဲ။။။။။။။။။။။။။။။။။။။။။။။။။
ဒါပေမဲ့ တော့ ကောင်းတယ်
ကောင်းတယ်ဆိုတာကမကောင်းဘူး
ကျုပ်ဦးဏှောက်အမှေးပါးတွေယောင်ကိုင်းလာတဲ့ အခါ
ဝိုင်ချိုကိုခေါ်တွေ့ လိုက်တယ်
ဇေယျာလင်းကိုလိုက်ရှာတယ်
မိုးဝေးရှိမဲ့ နေရာကိုသွားတယ်
ကိုမိုဃ်းဇော်ဆီရောက်ဖြစ်တယ်
တိုးနှောင်မိုးနဲ့ စကားနာထိုးတယ်
အောင်ရင်ငြိမ်းကိုအရက်တိုက်ခိုင်းတယ်
ပြီးတော့ ကျုပ်အိမ်မတ်ကနိုးလာတယ်
စကားကွန်ယက်ထဲမှာ
ကဗျာလို့ ခေါ်လို့ ရတာတွေကိုက
ကဗျာဖြစ်နေတက်တယ်ဗျ။။။။။။။။။။။။။။။။။။။။။။။။။။
                                                မင်းလူန

In: ကဗျာ Posted By: Date: May 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment