Professional Authors

ငါ. ရဲ့ နေ၀င်ရာအရပ်……………….

နင်
ငါ.ကို
မုန်းတယ် တဲ့
အဲ့  ကာလ  ကို  ပြန်ပြန်တွေး
ရင်.နင်.ခဲ့တာ
၃ နှစ်တောင်ျေကျာ်ခဲ့ပေါ.။

ငါ.အိပ်မက်ကို  ငါပြန်နင်း
စိုစွတ်မှု.တွေနဲ့  အငွေ့ပျံနေတဲ့
မျက်ဝန်းထဲ
အတိတ်တွေ  ဖျောက်ဖျက်ရင်းနဲ့။

ငါကိုက  အယုံလွယ်ခဲ့လေသလား
နင်ကိုက အပြောကောင်းခဲ့လေသလား
ယုံခဲ့ပါတယ်
နင်ပြောတဲ့
လင်္ကာချောချောတွေကို။

နှင်းဆီတိုင်း
ဆူးရှိတာမဟုတ်ခဲ့ပါဘူး
ငါဆိုတဲ့
နှင်းဆီက နင်.အတွက်နဲ့ ဆူးမဲ့ခံဲံ့တယ်။

မပြောရက်တာပါဟာ
မပြောတတ်တာမဟုတ်ခဲ့ပါဘူး
ငါ.ရဲ့ကောင်းကင်က
နင်.အတွက်ဆို
စကားလုံး မဲ့တယ်။

နင်.ရဲ့
မသိလိုက်မသိဘာသာ စိတ်မှာ
အသားကျနေတဲ့
   ငါ   
ဆိုတဲ့  ငါ.ကို
လက်တွေ့.ရော  အိပ်မက်မှာပါ
မေ.လျော.နေခဲ့ခြင်းလား။

ဒီလိုပါပဲ
နင်ဆိုတဲ့  အလင်းရဲ့ ဘေး
အမုန်းဆိုတဲ့ အမှောင်ထုကြား
မှုန်ပြပြနေရာလေးကြား
ငါ ရှင်သန်ခဲ့တာကြောပေါ.။

ခေါင်း  နဲ့   ပန်း  တဲ့
ဆုံးဖြတ်ခြင်းရဲ့
သင်္ကေတ တစ်ခုပေါ.
ဒင်္ဂါးပြား တစ်ခုက
သင်္ကေတနှစ်ခုကို
တစ်ခုလုပ်
နင်တောင်တဲ့  ပန်း
ငါပေးခဲ့တာပဲလေ။

ဒီ  တစ်ခဏလေးမှာ
ငါ.  တစ်ဘ၀ စာ  အချစ်တွေကို
နင်.  ရဲ့စမ်းသပ်ခန်းမှာ
စမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ်
ထာဝရထားခဲ့ပါတယ်။

နင်က ငါ.ရဲ့ အကောင်းဆုံး သူငယ်ချင်း ဖြစ်နေဦး မှာပါတဲ့
ဟုတ်ပါတယ်
နင်. အတွက် နဲ့
ငါ. ချစ်ခြင်းကို
ငါ ကိုယ်တိုင်
အရောင်ချွတ်ပေးလိုက်ပါ.မယ်။

ကို terry ပြောသလိုပေါ.
နင် ချစ်လှပါသည် ဆိုသော
နင်. ဘေးက
အသစ်စက်စက် ကိုယ်ပွား
နင် အမြဲတမ်းပျော်အောင်ထားနိုင်ပါ.မလား
မျှော်လင်.ချက်
တစ်ပုံတစ်ပင်ကြား
ငါ.လို  နေကွယ်အောင် စောင်.နိုင်ပါ.မလား။

အေး………….
အဲ့လိုပါပဲ………………
နင်.ရဲ့  Phone Call ကိုစောင်.
နင် သွားတတ်တဲ့နေရာလေး မှာ
ငါ  ရှိရှိနေတတ်တာ
ခုဆို
နေ ကွယ် အောင် ပါ ပဲ
အ မြဲ တမ်း
နေ   ကွယ်   အောင်   ပါ   ပဲ   ဟာ    …………………………………။

                                                                                                            wx@d…..?

In: ကဗျာ Posted By: Date: May 6, 2011
Comment #1

မပြောရက်တာပါဟာ
မပြောတတ်တာမဟုတ်ခဲ့ပါဘူး
ငါ.ရဲ့ကောင်းကင်က
နင်.အတွက်ဆို
စကားလုံး မဲ့တယ်။….

နင်.ရဲ့ Phone Call ကိုစောင်.
နင် သွားတတ်တဲ့နေရာလေး မှာ
ငါ ရှိရှိနေတတ်တာ
ခုဆို
နေ ကွယ် အောင် ပါ ပဲ
အ မြဲ တမ်း
နေ ကွယ် အောင် ပါ ပဲ ဟာ …………………………………။
အရမ်းကောင်းတယ် ဗျို့…။မိုက်တယ်

commentinfo By: ကေသရီ at May 6, 2011
Comment #2

ဒီလိုပါပဲ
နင်ဆိုတဲ့ အလင်းရဲ့ ဘေး
အမုန်းဆိုတဲ့ အမှောင်ထုကြား
မှုန်ပြပြနေရာလေးကြား
ငါ ရှင်သန်ခဲ့တာကြောပေါ.။

နင်. အတွက် နဲ့
ငါ. ချစ်ခြင်းကို
ငါ ကိုယ်တိုင်
အရောင်ချွတ်ပေးလိုက်ပါ.မယ်။

နေ ကွယ် အောင် ပါ ပဲ
အ မြဲ တမ်း
နေ ကွယ် အောင် ပါ ပဲ ဟာ …………………………………။

Nice!!!!!!! 😀

commentinfo By: Dead at May 6, 2011
Comment #3

ငါကိုက အယုံလွယ်ခဲ့လေသလား
နင်ကိုက အပြောကောင်းခဲ့လေသလား
ယုံခဲ့ပါတယ်
နင်ပြောတဲ့
လင်္ကာချောချောတွေကို။

အရမ်းကိုကောင်းပါတယ်

commentinfo By: ခင်ဘုန်းနေ at May 6, 2011
Comment #4

နင်က ငါ.ရဲ့ အကောင်းဆုံး သူငယ်ချင်း ဖြစ်နေဦး မှာပါတဲ့
ဟုတ်ပါတယ်
နင်. အတွက် နဲ့
ငါ. ချစ်ခြင်းကို
ငါ ကိုယ်တိုင်
အရောင်ချွတ်ပေးလိုက်ပါ.မယ်။

commentinfo By: နှင်းဖွေးလေး at May 7, 2011
Comment #5

ခံစားချက်တွေနဲ့ပဲ ရေးခဲ့တာလား
အရမ်းချစ်ခဲ့တဲ့ မင်းရဲ့ နှလုံးသားလေး
တစ်စုံတစ်ယောက်ကြောင့် သာယာ
ပျော်ရွှင်နိုင်ပါစေ…

commentinfo By: chanchan at May 7, 2011
Comment #6

ခံစားချက်ချင်းတိုက်ဆိုင်လိုက်တာဗျာ…..အသုံးအနှုံးတွေ…မိုက်တယ်….
ရည်ရွယ်သူသိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်…..

commentinfo By: terry at May 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment