Professional Authors

“ကျန်နေသူ”

 

“ကျန်နေသူ “

 

သူတို့ကြံဆ နေချိန်

ငါကတော့ ဟန်ရေးပြလို့ကောင်းနေဆဲ။

သူတို့တွေးတောစဉ်မှာ

ငါကတော့ ငေးမောလို့ကောင်းဆဲ။

သူတို့ဆုံးဖြတ်လို့ပြီးချိန်တိုင်အောင်

ငါကတော့တွေဝေနေဆဲ။

သူတို့ အသင့်ပြင်နေချိန်မှာ

ငါကတော့ အပြစ်တင်လို့ကောင်းဆဲ

သူတို့စသွားချိန်မှာ

ငါကတော့ ဗျာများနေဆဲ။

သူတို့ခက်ခဲချိန်မှာ

ငါကတော့ အိပ်မက်လို့ကောင်းဆဲ

သူတို့ရုန်းကန်ချိန်မှာ

ငါကတော့ ဝေဖန်လေကန် လို့ကောင်းဆဲ။

သူတို့…………………………..

ငါက……………………………………….

သူတို့…………………………..

ငါက……………………………………….

 

သူတို့…………………………..

ငါက……………………………………….

 

သူတို့…………………………..

ငါက……………………………………….

ဟော……………အခု

သူတို့ ပန်းပန်နေချိန်မှာတော့

ငါက……………..

…………………………

………………………………..

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

(15-11-2011)

 

In: ကဗျာ Posted By: Date: Nov 15, 2011
Comment #1

အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment