Professional Authors

“ဒုတိယ နပိုလီယံ”

“ဒုတိယ နပိုလီယံ”

 

ကဗျာကဗျာနဲ့

အခါတစ်ရာ ရေးခဲ့ပေမယ့်

ရင်ထဲက အနာက

မပျောက်လှဘူး…။

 

နှလုံးသားက

Rhythm တွေကလည်း

ပေါက်ကွဲနေလိုက်တာများ

နပိုလီယံရဲ့

ဝါတာလူးစစ်ပွဲလိုပါပဲ…။

 

နောက်ကျတဲ့

ငါ့အကျင့်ဆိုး

ဒီပွဲမှာ အလဲထိုးလိုက်တာများ

နပိုလီယံတောင်

ငါ့ကို ဆရာတင်သွားတယ်…။

 

မတိုက်ပဲ ကျခဲ့တဲ့

ငါ့စစ်ပွဲ

ရုတ်သိမ်းခွင့်မရှိ

ကျိတ်ပုန်းပြီး ထိတော့တာပါပဲ…။       

In: ကဗျာ,Others Posted By: Date: Apr 29, 2011
Comment #1

မတိုက်ပဲ ကျခဲ့တဲ့

ငါ့စစ်ပွဲ

ရုတ်သိမ်းခွင့်မရှိ

ကျိတ်ပုန်းပြီး ထိတော့တာပါပဲ…။ ။

commentinfo By: အသဲကွဲမိုး at Dec 9, 2011
Comment #2

မတိုက်ပဲ ကျခဲ့တဲ့

ငါ့စစ်ပွဲ

ရုတ်သိမ်းခွင့်မရှိ

ကျိတ်ပုန်းပြီး ထိတော့တာပါပဲ…။ ။ I like so much ..

commentinfo By: yinmar at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment