Professional Authors

“ မာတိကာတစ်ခုလို စီချကြည့်တယ်၊ ငါက ဒုတိယ ”

 

ခွက်ထိုးခွက်လန် ငိုမယ်လုပ်ကာမှ ဒဏ်ရာတွေက အကြမ်းမခံတော့ဘူး၊

စကားလုံးတွေလည်း ရူးတတ်ကြပါတယ်၊ ကဗျာတွေလည်း ရူးတတ်ကြပါတယ်၊

သိပ်တော့လည်း မထူးပါဘူး၊ ဒီကဗျာရေးသူ ကိုယ်တိုင်လည်း ရူးတတ်ပါတယ်၊

မိုးပေါ်ကို မော့ကြည့်မယ်၊

ကြယ်တွေမရှိတဲ့တိုင်းပြည်ရောက်ရင် ပပ၀တီကို ခဏလောက်ခေါ်ခဲ့ပေးပါ၊

အင်ဂျလီနာဂျိုလီ မသိတဲ့ ရာဇ၀င်တစ်စောင်ရဲ့ပြန်တမ်းကို ငါရွတ်ပြနေချင်မိ၊

နင် သိပါတယ်၊

ငါဆိုတာ အတောင်ချွတ်ယုံနဲ့ ဇောက်ထိုးပျံတတ်တဲ့ငှက်တစ်ကောင်၊

ကြယ် ယောင်လည်းဆောင်ခဲ့ဖူးတယ်၊

နင် မရှိတဲ့သက္ကရာဇ်တွေလည်း မှောင်ခဲ့ဖူးတယ်၊

အိမ်ပြန်ချိန်တွေက ငါ့ကိုစူးစူးဝါးဝါးပဲ ဟောင်တယ်၊ အဲဒါတွေက ဟောင်းတယ်၊

ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ဘူးဆိုတာကိုက ဘာမှမဟုတ်ခဲ့ပါဘူး၊

လူမသိသူမသိ ပြီးဆုံးသွားတဲ့ ပြဇာတ်တစ်ပုဒ်ကို တံဆိပ်ကပ်ရင်း၊

ထိပ်နားမှာ ပိတ်ရပ်နေခဲ့တာက ဘယ်သူလဲ (ဗီလိန်)၊

သေခဲ့ပါပြီ၊ မိုနာလီဇာလည်းသေခဲ့ပါပြီ၊ ပပ၀တီလည်း သေခဲ့ပါပြီ၊

ငါ့ မှတ်စုထဲမှာ နင်တစ်ယောက်က လွဲရင် ကျန်တာအားလုံးသေခဲ့ပါပြီ၊

ခွက်ထိုးခွက်လန် ရယ်မယ်၊ ဟား ဟား ဟား ဟား

ဒီစာ၊ ဒီကဗျာ၊ ဒီကမ္ဘာမှာ၊

‘ ဒီ ’ တွေအားလုံးက အမှားဆုံးပါပဲ၊

တန်းစီမယ်ဆို ‘ ဒီ ’ တွေရဲ့ အနောက်မှာ ငါ တစ်ယောက်ပဲရှိလိမ့်မယ်၊

 

လကွယ်

In: ကဗျာ Posted By: Date: Mar 6, 2012
Comment #1

အရမ်းကြိုက်တယ်………

commentinfo By: May Kha at Mar 6, 2012
Comment #2

ဟုတ် ကျေးဇူးပါ မမေခ

commentinfo By: La Kyal at Mar 6, 2012
Comment #3

ရေးပုံက..မိုက်တယ်ဗျာ…။
ကြိုက်တယ်…ဗျ

commentinfo By: poem.poem28 at Mar 6, 2012
Comment #4

ကျေးဇူးမလိုပါဘူးကွယ်……….တကယ်ကိုနှစ်သက်တဲ့ကဗျာမို့ပါ……

commentinfo By: May Kha at Mar 6, 2012
Comment #5

ကြိုက်တယ်ဗျာ

commentinfo By: kantkawmg at Mar 6, 2012
Comment #6

ငါဆိုတာ အတောင်ချွတ်ယုံနဲ့ ဇောက်ထိုးပျံတတ်တဲ့ငှက်တစ်ကောင်၊

ကြယ် ယောင်လည်းဆောင်ခဲ့ဖူးတယ်၊

နင် မရှိတဲ့သက္ကရာဇ်တွေလည်း မှောင်ခဲ့ဖူးတယ်၊

commentinfo By: moeswe at Mar 6, 2012
Comment #7

ဟုတ်ကဲ့ပါ အစ်မမေခ …
လကွယ်ကို အခုလို ကြိုဆိုအားပေးကြတာ အားလုံးပဲ ကျေးဇူးပါဗျာ။

commentinfo By: La Kyal at Mar 6, 2012
Comment #8

ခွက်ထိုးခွက်လန် ငိုမယ်လုပ်ကာမှ ဒဏ်ရာတွေက အကြမ်းမခံတော့ဘူး…:)

commentinfo By: YM aug chaw at Mar 7, 2012
Comment #9

ငါ့ မှတ်စုထဲမှာ နင်တစ်ယောက်က လွဲရင် ကျန်တာအားလုံးသေခဲ့ပါပြီ၊
ခွက်ထိုးခွက်လန် ရယ်မယ်၊ ဟား ဟား ဟား
အကြိုက်ဆုံးစာသားတွေပါ။
အားပေးလျက်။

commentinfo By: blueskymoe at Mar 7, 2012
Comment #10

ကဗျာလေး နှစ်ခေါက်တိတိဖတ်သွားတယ်ဗျ ( ကဗျာကိုကြိုက်လွန်းလို့တော့မဟုတ်ဘူး အရေးအသားက မြင်ဖူးနေကျမဟုတ်တဲ့စကားလုံးတွေနဲ့ တော်တော်လေးဆန်းကြယ်လို့ပါ )
ကိုယ့်ကဗျာတောင်ရေးပြီးရင် ဘယ်တော့မှနှစ်ခေါက်ပြန်မဖတ်ဘူး ။

commentinfo By: X - ray at Mar 12, 2012
Comment #11

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ

commentinfo By: La Kyal at Mar 12, 2012
Comment #12

ကျေးဇူးအတင်ခံချင်လို့ကဗျာကိုအားပေးတာမဟုတ်ဘူးဗျ အဲ့တော့ကျေးဇူးမတင်ပါနဲ့ဗျာ ဒီဆိုဒ်မှာလူသစ်တစ်ယောက်အနေနဲ့ ဒီလောက်ခပ်မြင့်မြင့်ရေးနိုင်တာကိုဘဲ ကျွန်တော်တို့ကဝမ်းသာတယ်ဗျ ။

commentinfo By: X - ray at Mar 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment