Professional Authors

“နင်”နဲ့“ငါ”

မရိုးလှပေမယ့်……
မဆန်းတဲ့ဇာတ်လမ်းတပုဒ်အနေနဲ့
နင်နဲ့ငါတွေဆုံခဲ့ကြတာ
…………………………………….
နင့်ရဲ့ဇာတ်လမ်းပေါင်းများစွာမှာ
နင့်ရဲ့အချစ်တွေများလှပေမယ့်
ငါကတော့
တစ်သက်မှာတစ်ခါချစ်ခဲ့တာမို့
အကြိုက်မတူတာတောင်
လိုက်တူအောင်ညှိခဲ့တာ ငါ
……………………………………….
နင့်ရင်ထဲကပါတာမဟုတ်ပေမယ့်
ဟန်ဆောင်မာယာနင့်အကျင့်တွေနဲ့
ဒီနေ့လည်း”လွမ်းတယ်”လို့
နင်ပြောအုံးမယ်
……………………………………………
နင်ကတော့ငါ့ကို
ဘာကြောင့်ချစ်မှန်းမသိပေမယ့်
ငါကတော့နင့်ကို
ဘာအကြောင်းရင်းမှမရှိပဲချစ်ခဲ့တာ
…………………………………………
ရီးစားတွေကိုသက်တမ်းနဲ့ထာတဲ့
နင့်ရဲ့ဇာတ်လမ်းတစ်ကဒ်အကုန်မှာ
နင်ကတော့ 
ပြုံးရယ်စွာကျောခိုင်းနိုင်ပေမယ့်
ငါ့ရင်ထဲမှာတော့
အလွမ်းတွေနဲ့ပေါ့
……………………………………….
ငါ့ရင်ထဲကအချစ်တွေကို
အပေါ်ယံဖေါ်မပြတတ်ပေမယ့်
ငါချစ်တာနင်သိနေလည်း
နင်..ငါ့ကိုလမ်းခွဲရခြင်း
ငါ့ရဲ့အပြစ်က“အေးစက်ခြင်း”တဲ့

In: ကဗျာ Posted By: Date: Apr 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment