သံသယရဲ့ ပြယုဂ်
ငါနဲ့ ပတ်သက်ပြီးသေလောက်အောင်ချစ်တယ်လို့
ပြောခဲ့တာလဲနင် …….
ငါနင့်လောက်သဲသဲလှုပ်အချစ်ကိုမဖော်ပြတက်ပေမယ့်
သေလောက်အောင်ချစ်ခဲ့တာက ငါ ……….
ငါနဲ့ ပတ်သက်ပြီး ရူးလောက်အောင်လွမ်းတယ်လို့
ပြောခဲ့တာလဲနင်
အော်ဟစ်ပြီးမလွမ်းရဲခဲ့ပေမယ့်
ရူးလောက်အောင် လွမ်းခဲ့တာက ငါ…….
ငါ့ကိုအမြဲ ပျော်ရွှင်စေချင်တယ်ဆိုပြီး ငါမတောင်းဘဲ ကတိတွေ
အထပ်ထပ်ပေးခဲ့ဘူးတာလဲ နင်……..
မျှော်လင့်ချက်တွေ ရိုက်ချိုးလို့ အိမ်မက်တွေ
တစ်စစီပျိုကွဲအောင် ရက်စက်ခဲ့တာလဲ နင် ………
လမ်းခွဲတွေသိပ်ပေါခဲ့ရင်တောင်
မြဲမယ့်လက်တွေနဲ့ ယုံယုံကြည်ကြည်တွဲခဲ့တဲ့ လကတွေကို
အယုံအကြည်မယ့် သံသယအစွန်းအထင်းတွေနဲ့
လမ်းခွဲတစ်ခုမှာ
ရပ်နေရစ်ခဲ့တာလဲ
နင်ပါ … မောင် ရယ်
Comment #3
ကျေးဇူးတင်ပါတယ်ရှင်
By: ခင်ဘုန်းနေ at Apr 30, 2011
Comment #4
တကယ်ကို စာနာပါတယ် မခင်ဘုန်းနေ
By: Flora White at Apr 30, 2011
Comment #6
ဟုတ်ပါတယ် ထွက်ပေါက်ဆိုတာထက်ကို ပိုပါတယ်
အရမ်းကို ပိုပိုသဲသဲ ချစ်တက်တဲ့ ကျွန်မချစ်သူ
သံသယသေးသေးလေးကိုတောင်
ခံနိုင်ရည်မရှိဘဲ ….. ရှင်းပြခွင့်တောင်ဘာမှမပေးခဲ့ဘဲ
ထွက်သွားခဲ့တဲ့ ကျွန်မချစ်သူ အတွက်
တမ်းချင်းပဲထားပါတော့
အားလုံးကိုကျေးဇူးတင်ပါတယ်
By: ခင်ဘုန်းနေ at May 6, 2011
Comment #7
လမ်းခွဲတွေသိပ်ပေါခဲ့ရင်တောင်
မြဲမယ့်လက်တွေနဲ့ ယုံယုံကြည်ကြည်တွဲခဲ့တဲ့ လကတွေကို
အယုံအကြည်မယ့် သံသယအစွန်းအထင်းတွေနဲ့
လမ်းခွဲတစ်ခုမှာ
ရပ်နေရစ်ခဲ့တာလဲ
နင်ပါ …
By: နှင်း at May 26, 2011
Comment #8
အရမ်းကိုကောင်းပါတယ် …
By: Myat Noe at Jun 12, 2011
Comment #9
အရမ်းကိုကောင်းပါတယ် … အားပေးသွားပါတယ်..
By: aphyu at Sep 15, 2011
Comment #10
လမ်းခွဲတွေသိပ်ပေါခဲ့ရင်တောင်
မြဲမယ့်လက်တွေနဲ့ ယုံယုံကြည်ကြည်တွဲခဲ့တဲ့ လက်တွေကို
အယုံအကြည်မဲ့
သံသယအစွန်းအထင်းတွေနဲ့
လမ်းခွဲတစ်ခုမှာ
ရပ်နေရစ်ခဲ့တာလဲ
နင်ပါ … မောင် ရယ်
By: မ at Apr 7, 2012




Comment #1
မခင်ဘုန်းနေ…. ခံစားချက်တွေပဲ ကောင်းလိုက်တာဗျာ….