Professional Authors

ထိုမှန်သော သစ္စာစကားကြောင့်

စီးချက်ကျကျ
ခြေလှမ်းလေး..။
ပျံပျံလွင့် လွင့်
ဆံနွယ်လေး..။
ဖူးဖူးငုံငုံ 
နှုတ်ခမ်းလေး..။
ဖြူဖြူ ဖွေး ဖွေး
မျက်နှာဝိုင်းလေး..။
ဟန်ပန် ကျကျ
ကိုယ် နေလေး နဲ့…။
ချစ် စဖွယ် မိန်း ကလေးရယ်
မင်း ရဲ့ အပြစ်ကင်းတဲ့
အရယ် အပြုံးနဲ့
မင်းရဲ့မျက်လုံးဝိုင်း လေးတွေက
မညို့ပေမယ့်လည်း
ကိုယ် ပြိုနေပါပြီကွာ
အချစ်ဆွဲ အား
သံယောဇဉ် နှောင်ကြိုးတို့ဟာ
ဘယ်လောက်ခိုင်မာမှန်း
မသိပေမယ့်
မရုန်းထွက်နိုင်တော့ တာ
အမှန်ပါ
မင်း အတွက်
မင်း ဖို့ ငါ့ အချစ်
ငါ့ အသက်နဲ့
ငါ့ အသည်းတို့ကို
အပေါင် အဖြစ်
မင်း ဆီ မှ အပ်ထားပါရစေ…
အချစ်အတိုး
အချစ် အကြွေး
အမြဲ တမ်း ဆပ်ရင်း
လှ ပတဲ့ ကောင်းကင် အောက်
ကိုယ့်ပီတိနဲ့
ကိုယ်ပျော်နေတဲ့
ရူးရူးမူးမူး သူ
ကိုယ့် ဖြစ်ပါရစေ
အချစ်ရဲ့တန်ဖိုး
အချစ်ရဲ့တန်ခိုးတို့ကြောင့်
အန္တရယ် တွေ ဖြတ်သန်း
အမြဲ တမ်းမကွဲ ပဲ
လက်တွဲ ပြီး လှမ်းပါရစေ…….။

In: ကဗျာ Posted By: Date: Apr 26, 2011
Comment #1

လိုချင်တဲ့ဆုနဲ့ပြည့်ပါစေ..

commentinfo By: ရွှေငါး at Apr 26, 2011
Comment #2

အမြဲတမ်း …လက်တွဲတွေ ခိုင်မြဲပါစေ…

commentinfo By: genius.jinx28 at Apr 26, 2011
Comment #3

ကောင်းတယ် ဒီကဗျာ
ြိကိုက်၏
ဖွဲ့နွဲ့မူလေး လှ၏

ဒါကြောင့် မိန်းကလေးတွေ ပြိုကြတာထင်တယ်။
အားပေးနေပါတယ်။

commentinfo By: မယ်မနော at Apr 27, 2011
Comment #4

myan myan pyan ywe dot naw,
a paung sone khar ne nay p.
a paung sine ka ma ta nar tat bu naw.
a pine tane pyit like hmar.

commentinfo By: ei lay at Aug 9, 2011
Comment #5

တောင်းတဲ့ဆုနဲ့ပြည့်ပါစေလို့ဆုတောင်းပေးသွားပါတယ်နော် .. 🙂

commentinfo By: chityellusoelay at Aug 15, 2011
Comment #6

Yae yae le le kyike de.
A yann daw de ko Moe g.

commentinfo By: ei lay at Nov 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment