Professional Authors

အဲ့ဒီညမှာဖြစ်ပျက်ခဲ့တာ..

အဲဒီညက ကောင်းကင်ကြီးပြိုမကျခဲ့ဘူး
ကျွန်တော်ကတော့ ရင်ကွဲနေတဲ့ ငှက်တစ်ကောင်
ထိတ်လန့်မှုတွေက တစ်ဒိတ်ဒိတ်ခုန်လို့
တိုးရှရှ အသံတစ်စုံက မျက်စိတွေ ပြာဝေသွားစေလေရဲ့
အဲဒီညက အရက်ဆိုင်တွေ စောစောမပိတ်နိုင်ခဲ့ဘူး။
စုပြုံထည့်..တစ်စစီဖွာကျဲ
အနားမညီတဲ့ ရင်ခုန်သံတွေလား
အဖျားအနာကျနေတဲ့ အိပ်မက်ဟောင်းတွေလား
ဖန်ခွက်တွေက တေးဆိုနေတာမဟုတ်ဘူး
အဲဒီညမှာတော့ နားတစ်စုံက စုံလုံးကန်းသွားလေရဲ့ ။ ။

In: ကဗျာ Posted By: Date: Apr 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment