Professional Authors

စေတနာရဲ့စကား

ရင့်ကျက်လာတာနဲ့အမျှရင်ခုန်သံကိုမယုံလွယ်တတ်တော့ပေမယ့်
ဘဝရဲ့ဖြည့်ဖက်အဖြစ် သိမ်မွေ့သောခံစားချက်တို့ လိုကောင်းလိုလိမ့်
လူဟာ အခြေကျဖို့ အချိန်တော့လိုမယ်
အပြောင်းအလဲများ။

မင်းဘာတွေဖြစ်နေလဲ
လဲကျ…ပြန်ထပါ
မွန်းကြပ်လွန်းရင် ကောင်းကင်ကိုမော့ကြည့်ပါ
ဗီတာမင်ရေဖြစ်ဖြစ် အားဆေးဖြစ်ဖြစ်ဝယ်သောက်ပါ
အသက်ရှင်နေသေးတာကိုက ဝမ်းသာဖို့ခပ်ကောင်းကောင်း

စိတ်ကိုစိတ်ကသတ်နိုင်တာမို့
စိတ်ကိုစိတ်နဲ့သတိပြုမွေးတော့
စိတ်ကိုလျှော့ စိတ်ကလေးသာရှည်ရှည်ထား စောင့်ကြည့်
ပြီးတော့လဲပြီးတာပါပဲ ။     ။

ဩမြိုင်

In: ကဗျာ Posted By: Date: Apr 24, 2011
Comment #1

အားပေးသွားပါတယ်….
စိတ်ကိုစိတ်ကသတ်နိုင်တာမို့
စိတ်ကိုစိတ်နဲ့သတိပြုမွေးတော့
စိတ်ကိုလျှော့ စိတ်ကလေးသာရှည်ရှည်ထား စောင့်ကြည့်
ပြီးတော့လဲပြီးတာပါပဲ ။ ။

commentinfo By: May Kha at Apr 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment