Professional Authors

တစ်ဖက်သတ်ချစ်သူ ဘဝ

ချစ်သူမျက်နှာ မကြည်သာလျှင်

သောကရင်ပူ ရင်ထဲလှိုက်ဆူ

သွက်သွက်ညံမှု ရင်ထဲပြုသည်

သို့ သော်ချစ်သူ မသိလေပြီ……

ချစ်သူငေးမှိုင် တွေးထိုင်နေလျှင်

အနားမှာနေ အားပေးချင်ပေ

သာယာရွှင်မြူး  ရယ်ရီမြူးအောင်

ဟာသတွေပြော ပျော်ရွှင်စေချင်

ဟာသလူရွှင်တော် ဖြစ်လိုက်ချင်သည်

သို့ သော်ချစ်သူမသိလေပြီ……..

အချစ်စကား ရင်ထဲစီကာ

သူလာရင်ပြော ရင်ထဲမှာနှောလို့ 

အတွေးနှင့်မျော ခဲ့ ပေမဲ့ 

လက်တွေ့ မှာချော်ကုန်လေပြီ

သို့ သော်ချစ်သူမသိလေပြီ……

ချစ်သူနဲ့ အတူ တစ်ပါးယောက်ျား

တူတူသွားလို့  ရယ်မောပျော်ရွှင်မြင်မိလျှင်

နှုတ်ခမ်းကမိုး ရွာသွန်းဖြိုးလို့ 

အသဲကွဲလုပြီ ..

သို့ သော်ချစ်သူမသိလေပြီ….

ရင်မှာချစ်စိတ်တိတ်တိတ်ဝေဒနာ

ဒီဒါဏ်ရာကို ဖြေဆေးအနေနဲ့ 

တစ်ဆိတ်လောက်တော့ ပြုံးပြခဲ့ပါချစ်သူရယ်….

In: ကဗျာ Posted By: Date: May 23, 2011
Comment #1

နောက်တစ်ခါကျရင်…သူမကိုလက်တို့ပြီး သတိပေးလိုက်ပါမယ်
ူ……..ချစ်သူရယ် သူကိုတစ်ခါလောက်တော့ ပြုံးပြပေးလိုက်ပါလို့…….

commentinfo By: nate thit(နေ့သစ်) at May 23, 2011
Comment #2

nice words

commentinfo By: သားခေတ် at May 23, 2011
Comment #3

😛
😛
😛
😛
😛

commentinfo By: ei lay at Aug 14, 2012
Comment #4

¿¿¿¿¿¿¿¿¿¿¿¿
?????????????????
!_!
!_!

commentinfo By: ei lay at Dec 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment