Professional Authors

ထိုင်နေရင်အကောင်းသားလားကောာင်မလေးရယ်

ဟိုးရှေးရှေးတုန်းကပေါ့ …
ဘယ်တုန်းကလဲမမေးပါနဲ့ …
အတိတ်မြက်ခင်းပြင်ရဲ့ တနေရာရာမှာပေါ့ …
ကောင်မလေးတယောက်ရှိခဲ့ဘူးတယ် ….
အဲ့ကောင်မလေးကို
ဘုရားသခင်က အချစ်တုတခုနဲ့ ဒဏ်ခတ်ခဲ့ဖူးလေရဲ့…..
အသည်းနှလုံးတုတခုနဲ့ ဖျားယောင်းတတ်တဲ့
ကောင်လေးတယောက်ကိုဖန်ဆင်းပြီးတော့ပေါ့ …..
ကောင်မလေးက တော့
သူ့ဘ၀အိပ်မက်တွေက လန့်လန့်နိုးတိုင်း …
ကောင်လေးကို သတိတရရှိလေရဲ့ ….

အချစ် ….
အဲ့ဒါအချစ်ဟုတ်ချင်လဲဟုတ်မှာပါ …
 မဟုတ်ချင်လဲမဟုတ်ဘူးပေါ့…..
ဒါပေမဲ့ အိပ်ပျက်ခံပြီး ကဗျာရေးတာချစ်လို့ဆိုရင်
… ဟုတ်တယ် …
ကောင်မလေးက သူကိုချစ်သွားခဲ့တာပါပဲ ….
မျက်တွင်းတွေချောင်ကျလို့ မျက်လုံးတွေမို့နေတာက
ကောင်မလေးရဲ့ချစ်သက်သေဖြစ်နေမှာပဲ

ကောင်မလေးက အချစ်တုတခုကို ဖက်တွယ်ဖူးခဲ့တယ် …
သူမကိုယ်တိုင်ပဲ ရက်ရက်စက်စက် သူမနှလုံးသားကို ထိုးခွဲဖူးခဲ့တယ် …
သွေးတောက်တောက်ယိုနေချိန်မှာ သူမ ……………ငိုခဲ့ဖူးတယ်

ကောင်မလေးကို
သူငယ်ချင်းတယောက်ကပြောတယ် …
လူတွေက ပြောတယ် …
 ယောင်္ကျားပေါပါတယ်တဲ့
… ဟုတ်ကဲ့ … မရှားပါဘူး …
ဒါပေမဲ့ မရှိပါဘူး … ခံစားချက်တူပြီး နှလုံးခုန်သံစည်းချက်ဝင်တဲ့သူ……….

ကောင်မလေးက သူ့ဘာသူထိုင်နေရင်အကောင်းသား ထသွားမှ ……………… အသည်းကွဲမှန်းသိသွားရှာတယ်

In: ကဗျာ Posted By: Date: Apr 19, 2011
Comment #1

excellent

commentinfo By: ei lay at Sep 3, 2011
Comment #2

whenever i read,,,i suffer

commentinfo By: ei lay at Apr 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment