Professional Authors

ExCuSe

တစ်ချိန်ချိန်တော့

မေ့သွားမှာပါလို့ ဖြေသိမ့်ခဲ့ပေမယ့်လည်း

ငါ့အတွက်တော့

သတိရခြင်းတွေပဲ ထပ်တိုးလာခဲ့တရ် …

ပြောင်းလဲနေတဲ့အချိန်ရဲ့ တိုက်စားမှုအောက်မှာ

နင့်အတွက်တော့

ငါတို့နှစ်ယောက်ရဲ့အမှတ်တရတွေက

ဟောင်းနွမ်းသွားခဲ့ပြီ …

လက်ရှိနေ့ရက်တွေကို ရှောင်ပုန်းချင်တိုင်း

အတိတ်က ပျော်ရွှင်မှုတွေထဲမှာပဲ

စိတ်ကိုကျင်လည်ကျက်စားရင်း နေခဲ့ပေမယ့်လို့

အသက်ရှုတိုင်း

နှလုံးသားမှာ ပဲ့တင်ထပ်နေတဲ့

အလွမ်းတွေက ငါ့ကို

တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေခဲ့တရ် …

ငါကအေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပါ

အလွမ်းတွေနဲ့ မိတ်မဖွဲ့မိခင်အချိန်တုန်းကတော့

ငါက စာအုပ်တွေကိုအဖော်လုပ်

အတွေးတွေနဲ့ ခရီးသွားခဲ့သူလေ …

ငါကနင့်အတွက်အသုံးမလိုတော့ပေမယ့်

ချုပ်ထိန်းရခက်တဲ့ ခံစားချက်

တစ်စုံတစ်ရာကြောင့်

နင့်ကိုစကားဆိုမိရင်

နှောက်ယှက်မိပြီလားဆိုတဲ့ အတွေးနဲ့

တွယ်ရာမဲ့နေတဲ့ငါ့စိတ်ကိုယ်ငါ

ခဏခဏယိုးစွပ်ခဲ့မိတရ် …

အဲဒီလိုပါပဲ

နင်ပေးခဲ့တဲ့ ဥပေက္ခာတွေနဲ့

ငါ့အိပ်မက်တွေ အရည်ပျော်ခဲ့ပါတရ် …

စာတွေပဲ ခေါင်းထဲထည့်

နင့်ဆီလွတ်ထွက်နေတဲ့ စိတ်ကိုဖမ်းချုပ်

အိပ်ဆေးနဲ့ သက်ပြင်းတွေပဲ

အဖော်လုပ်ရင်း ခဏတာလောက်

မေ့နိုင်မလားဆိုပြီး အိပ်စက်ခြင်းတွေနဲ့

အလွမ်းတွေကို ရှောင်ပုန်းချင်ခဲ့တရ် …

ဒါပေမယ့်လည်း

အိပ်မက်တွေထဲအထိ

အလည်ရောက်နေတတ်တဲ့ နင့်ပုံရိပ်တွေကို

လွတ်မြောက်ဖို့တော့

အခုအချိန်ထိငါရုန်းကန်နေရတုန်းပါ …

ဖြစ်တည်မှုတွေရှိလာရင်

ပျောက်ဆုံးမှုတွေလည်းရှိလာမှာပဲဆိုတာကို

သိခဲ့ပေမယ့်

အခုအချိန်ထိ ပတ်သက်ဖူးတဲ့

အမှတ်တရတွေကိုတော့

မေ့မပစ်ချင်သေးတာ

နင့်ကိုသိပ်ချစ်ခဲ့တဲ့ အကြောင်းပြချက်

တစ်ခုတည်းနဲ့ပါ … ချစ်သူ။

In: ကဗျာ Posted By: Date: Apr 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment