Professional Authors

သတိ….။

 

ဦးမညွှတ်ချင်ဘဲ အကြိမ်ကြိမ်ဦးညွှတ်ခဲ့ရလို့

ငါ့ဦးခေါင်းတွေလဲ ငြင်းဆိုခြင်းဆိုတဲ့ ပြယုဂ်ကိုမေ့လျော့လို့..။

 

အထုခံရပါများလာတဲ့ ငါ့ရင်ဘတ်လဲ

ခံစားမှု့ကင်းမဲ့နေခဲ့တာ အငိုအရီကင်းလို့…။

 

ခလုတ်တိုက်ခံရပါများလို့ အလိုလိုဘေးထွက်ရပ်

နှုတ်ပိတ်နေတာလဲ ..စကားများတောင် “အ”လို့..။

 

ဒဏ်ရာတစ်ခါရတိုင်း ငိုကြွေးရမယ်ဆို

ငါ့မျက်ရည်မြစ်ပေါ်မှာ တာတမံတွေပေါလို့..။

 

တရိရိနဲ့တိုက်စားခံနေရတဲ့ ငါ့ရင်ကုန်းမြေမှာလဲ

အညှိတွေတက်နေလို့ … ဒီရင်ကို နင်းမယ်ဆိုရင်

 

သ တိ တော့ ထား ပေး ပါ….။

 
ရွှေငါး

In: ကဗျာ Posted By: Date: Apr 8, 2011
Comment #1

တရိရိနဲ့တိုက်စားခံနေရတဲ့ ငါ့ရင်ကုန်းမြေမှာလဲ
အညှိတွေတက်နေလို့ … ဒီရင်ကို နင်းမယ်ဆိုရင်
သ တိ တော့ ထား ပေး ပါ….။
ေ၇ွှငါး အားပေးသွားပါတယ်.

commentinfo By: genius.jinx28 at Apr 9, 2011
Comment #2

မရွှေငါးရေ မဖတ်ဖြစ်သေးတာတွေ ပြန်ဖတ်နေတာ
ူ…..မရေးတက်ဘူး….မရေးတက်ဘူး
ရေးမယ့်ရေးတော့ သူများရေးပြီးသား ကူးချထားသလားတောင်
အောက်မေ့ရတယ်…..တလွဲမတွေးနဲ့နော်….
ရေးအားကောင်းတာကိုပြောတာပါ…
ဟောတစ်ပုဒ်..ဟောတစ်ပုဒ်..နဲ့
း)း)

commentinfo By: nate thit(နေ့သစ်) at May 23, 2011
Comment #3

အမလေး..အစ်ကိုလေး နေ့သစ်ရယ် .. ကူးချသလားတောင်ထင်ရတယ်ဆိုတဲ့ စကားကြီးက
ရွှေငါးလေးကို ဝမ်းနည်းစေပါတယ်နော် ……. 😀
အောက်ကစာလေးကြောင့် အသက်ရှုပြန်ချောင်သွားပီ … ဟွန်း
စာတွေရေးပါအုံး.. ဆရာကြီးရယ်

commentinfo By: ရွှေငါး at May 30, 2011
Comment #4

genius လေးကိုလဲ ကျေးဇူးတင်ပါတယ်ရှင် ……. 🙂

commentinfo By: ရွှေငါး at May 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment