Professional Authors

အမိ

အမိ…

ကျေးဇူးပြု၍
မရီပါနဲ့လား… အမိ
ကျုပ်ဟာသမပြောတဲ့ အချိန်မှာ
အမိ…ရီတိုင်း
ကျုပ်ဘာမှားလဲ
တွေးမိတတ်လွန်းလို့ပါ။
အမိ…
မသိသလို မနေပါနဲ့လား…။
ကျုပ်အမိရဲ့ အကြည့်တွေမှာငြိပြီး
နေရပ်ကိုတောင်မေ့နေခဲ့ပြီ။
အမိ…
ပြောပါဦး
ကျုပ်ကို အဆိပ်သင့်စေတဲ့ ဒီမြားတွေ
အမိ…မရည်ရွယ်ပဲ
ပစ်လိုက်မိပါတယ်…လို့။
နောက်ဆုံးတော့
ပြောပါရစေ…အမိ။
ဟားတိုက်ရီလိုက်ပါ။
ကျုပ်ဟာ…
အမိ…မပစ်တဲ့ မြားဆိပ်သင့်
အမိရဲ့ ပုံမှန်အကြည့်အောက်မှာ ငုတ်တုတ်မေ့
အမိရဲ့ ရီသံကြားမှာ တွေငေးသွားတဲ့
အူကြောင်းကြားလက်သစ် တစ်ကောင်ပါ။
အမိ…
အမိ..အတွက်
ဘေးထွက်ဖြစ်မယ့်
စကားတစ်ခွန်းနားဆင်ပါ..
မမှတ်သားနိုင်ရင်..မေ့လိုက်ပါ…
ကျုပ်..အမိကို ချစ်မိခဲ့ပြီ။

In: ကဗျာ Posted By: Date: Apr 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment