Professional Authors
မပိုင်ရပေမယ့်စွန့် လွှတ်ရတာကိုလည်းငါကျေနပ်ပါတယ်..(terry)
လိုအပ်သေးရင်ထပ်ယူသွားပါ…..။
ငါမပေးခဲ့ဘူးလို့တော့
မစွပ်စွဲလိုက်ပါနဲ့ ။
မင်းမသိလို့
မရှိခဲ့ဘူးလို့ထင်တာပါ
ငါ့ရဲ့ …ချောကလက်လေး…ရယ်….။
မဖြစ်နိုင်မှန်းသိပေမယ့်
ရှေ့ဆက်တိုးတယ်ဆိုကတည်းက
ဘယ်သူနဲ့မှမတူတဲ့သတ္တိမျိုး
ရှိတယ်ဆိုတာတော့…နင်သိသင့်တယ်…။
သို့ ပေမယ့်လည်း…….
အခွင့်အရေးဆိုတဲ့ကောင်က
ငါ့ကောင်းကင်မှာမှ
လာခေါင်တယ်……………….။
ချောကလက်လေး….ရယ်…..
နားလည်မှု့ ဆိုတာ
အားနည်းချက်ရှိသူချင်း
လုပ်တဲ့အပေးအယူတစ်ခုပါ..။
မင်းဆန္ဒတစ်ခုတည်းအတွက်ပဲ
အမြင်နှစ်ဖက်လုံးကို
လက်ဖမိုးအဖြစ်
ငါပြောင်းလဲခဲ့ပါတယ်………။
ပြောရရင်…..
သူအကြာက်ဆုံးနဲ့ 
သတိရဆုံးအရာဟာ
ပထမဆုံးစမှန်တဲ့
ခဲတစ်လုံးပဲ……..
ဖြစ်လိမ့်မယ်……………။
မင်းပြောခဲ့သလိုပေါ့
“ငါနင့်ကိုမချစ်လို့ တော့
နင်သေမသွားနိုင်ပါဘူး”တဲ့
ဟုတ်ပါတယ်………။
ငါမသေခဲ့ပါဘူး….
ရင်ခုန်ခြင်းနဲ့ အသက်ဆက်ထားတဲ့
စိတ်တစ်ခုကလွဲရင်ပေါ့……………။
မျှော်လင့်ခြင်းလို့ ပဲ
ခေါင်းစဉ်တပ်ထားပါတယ်။
ဇောက်ထိုးဖြစ်သွားတဲ့
ကံတရားမှာ
ခံစားမှု့ ဆုံးပါသွားပေမယ့်
ငါနင့်ကိုလွမ်းနေပါသေးတယ်….
ချော……
က…
လက်….
လေး…
ရယ်………….။
                                           terry(4.4.2011)
In: ကဗျာ Posted By: Date: Apr 5, 2011
Comment #1
မျှော်လင့်ခြင်းလို့ ပဲ
ခေါင်းစဉ်တပ်ထားပါတယ်။
ဇောက်ထိုးဖြစ်သွားတဲ့
ကံတရားမှာ
ခံစားမှု့ ဆုံးပါသွားပေမယ့်
ငါနင့်ကိုလွမ်းနေပါသေးတယ်….
တကယ့်ကိုလွမ်းနေပါတယ်။ ကျေးဇူးပါပဲ
commentinfo By: အနီရောင်နှင်း at Apr 5, 2011
Comment #2
ကောင်းတယ်ဗျ .. အချစ်ကဗျာတွေ အရေးများနေတယ်ပေါ့ ..
နားလည်မှု့ ဆိုတာ
အားနည်းချက်ရှိသူချင်း
လုပ်တဲ့အပေးအယူတစ်ခုပါ..။
ထည့်သွားတဲ့အတွေးအခေါ်လေးတွေ သဘောကျတယ်
commentinfo By: သက်ထွေး at Apr 5, 2011
Comment #3
အနီရောင်နှင်းနဲ့ ကိုသက်ထွေးကို…အားပေးတဲ့အတွက်အထူးကျေူးဇူးတင်ပါတယ်…ဗျာ…
commentinfo By: terry at Apr 5, 2011
Comment #4
အသုံးအနုန်းလေးတွေ သိပ်ကောင်းနေတယ် အဲနားလေးတွေကို သဘောကျတယ်
မဖြစ်နိုင်မှန်းသိပေမယ့်
ရှေ့ဆက်တိုးတယ်ဆိုကတည်းက
ဘယ်သူနဲ့မှမတူတဲ့သတ္တိမျိုး
ရှိတယ်ဆိုတာတော့…နင်သိသင့်တယ်…။
သို့ ပေမယ့်လည်း…….
အခွင့်အရေးဆိုတဲ့ကောင်က
ငါ့ကောင်းကင်မှာမှ
လာခေါင်တယ်……………….
commentinfo By: gadounlay at Apr 5, 2011
Comment #5
ကွက်ပြီးတော့ကို ချီးမွမ်းလို့ မရလို့ 
တပုဒ်လုံး ကိုကြိုက်တယ်ဗျာ
Really Perfect.
commentinfo By: ကိုဇင် at Apr 6, 2011
Comment #6
terry ၇ှယ်ပါပဲလားဗျာ…
အားပေးနေတယ်…
commentinfo By: genius.jinx28 at Apr 6, 2011
Comment #7
gadounlay …ကိုဇင်….genius.jinx28…အားလုံးကို အားပေးနေတဲ့အတွက်
ကျေးဇူးတင်ပါတယ်…တကယ်….
commentinfo By: terry at Apr 6, 2011
Comment #8
ငှက်တစ်ကောင်ရဲ့ စကားနဲ့ 
ပြောရရင်…..
သူအကြာက်ဆုံးနဲ့ 
သတိရဆုံးအရာဟာ
ပထမဆုံးစမှန်တဲ့
ခဲတစ်လုံးပဲ……..
ဖြစ်လိမ့်မယ်……………။
ဟုတ်ပါတယ်။အားလုံးကောင်းပါတယ်။ပိုင်ဆိုင်မှုထက်စွန့်လွှတ်မှုကို ပိုကြိုက်တာတော့ သဘောထားကြီးတယ်လို့ပြောရမလား …..လက်လွှတ်ဆုံးရှုံးခံနိုင်တယ်ပြောရမလားပဲ။ ချောကလက်လေးကိုတော့စားလိုက်ပါအုံ။
commentinfo By: Kyaw Tint at Apr 13, 2011
Comment #9
မင်းပြောခဲ့သလိုပေါ့
“ငါနင့်ကိုမချစ်လို့ တော့
နင်သေမသွားနိုင်ပါဘူး”တဲ့
ဟုတ်ပါတယ်………။
ငါမသေခဲ့ပါဘူး….
ရင်ခုန်ခြင်းနဲ့ အသက်ဆက်ထားတဲ့
စိတ်တစ်ခုကလွဲရင်ပေါ့……………။
commentinfo By: Thu Lay at Jul 4, 2011
Comment #10
nice
commentinfo By: ei lay at Aug 19, 2011
Comment #11
ငှက်တစ်ကောင်ရဲ့ စကားနဲ့ 
ပြောရရင်…..
သူအကြာက်ဆုံးနဲ့ 
သတိရဆုံးအရာဟာ
ပထမဆုံးစမှန်တဲ့
ခဲတစ်လုံးပဲ……..
ဖြစ်လိမ့်မယ်……………။
အ၇မ်း ကြိုက်တယ်…
အားပေးနေပါတယ်
commentinfo By: phyu thi htun at Aug 19, 2011
Comment #12
ခဲတစ်လုံး…
commentinfo By: SoFarAwayFromU at Nov 7, 2012
Comment #13
ငါနင့်ကိုလွမ်းနေပါသေးတယ်….
ချော……
က…
လက်….
လေး…
ရယ်………….။
commentinfo By: Sofarawayfromyou at Feb 26, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment