ဘယ်သူမှားလဲ ဖြေဖို့ပြင်ဆင်ထား(genius)
သိပ်ချစ်တာကို
ပြန်လိုချင်မိတာ
ငါ..မှားလား မင်းဖြေပါ။
မျက်လုံးစုံမှိတ်
ရှေ့ဆက်တိုးမိတာ
ငါ..မှားလား မင်းဖြေပါ။
တန်ဖိုးထားတာကို
တန်ဖိုးရှိအောင်မနေပေးတာ
ဘယ်သူမှားလဲ မင်းဖြေပါ။
ဖွင့်အန်ချပြရင်လည်း
ရူးချင်ယောင်ဆောင်ပြီး
ဘာမှမသိသလို
နင်ဟန်ဆောင်ပြဦးမှာပါပဲ။
ဒီငနဲက
နင့်လက်ထဲကရေလေ။
ထားပါတော့ အဲဒါတွေ…။
မင်းအခု..
င့ါဆီက ရနေတာတွေက
ကြင်နာမှုတွေနော်….။
ပြောင်းပြန်ပြောင်းလဲ
နာကျင်မှုတွေဖြစ်လာရင်..
အဲဒါ..ဘယ်သူမှားလို့လဲဆိုတာ
မင်းဖြေဖို့ ပြင်ဆင်ထား..။
Comment #2
ကြိုက်တယ်…အားပေးသွားတယ်….။
တန်ဖိုးထားတာကို
တန်ဖိုးရှိအောင်မနေပေးတာ
ဘယ်သူမှားလဲ မင်းဖြေပါ။
By: terry at Aug 20, 2011
Comment #3
ဖွင့်အန်ချပြရင်လည်း
ရူးချင်ယောင်ဆောင်ပြီး
ဘာမှမသိသလို
နင်ဟန်ဆောင်ပြဦးမှာပါဘဲ။ ပြောချင်တဲ့အလုံးနဲ့ ကွက်တိဘဲ မိုက်တယ်ဗျို့ အားပေးသွားတယ် ။
By: X - ray at Aug 20, 2011
Comment #4
ကျေးဇူးတင်ပါတယ်။အားပေးတဲ့သူငယ်ချင်းများ…
By: poem.poem28 at Aug 20, 2011
Comment #5
har,,,,,
kyauk sa yar g.
By: ei lay at Aug 20, 2011
Comment #7
ရဲလေး..တော့…စ…ပေါက်ကွဲပြီ….
မိုး..ကြောက်ကြောက်….
…
အားပေးသွားတယ်ဗျ
By: အသဲကွဲမိုး at Aug 20, 2011
Comment #8
a khu phyae ya dot hmar lar?
he,,he,,
koh chit thu ko sate soe tar ka le kyauk sa yar g,ah ko ye.
ne ne dot shot like par naw.
ko lu soe doe so ta kha hma yan ma pyit bu.
By: ei lay at Aug 20, 2011
Comment #9
ဟဟားးးးး
ဟုတ်ကဲ့ပါ…လူဆိုးရေ..လျော့ထားတယ်။
မအိလေး…နဲ့မမိုး
မကြောက်ပါနဲ့ဗျာ………စိတ်မကြီးတော့ဘူးနော်……
By: poem.poem28 at Aug 20, 2011
Comment #10
de ke naw.
lane mar de.
e dar so yin friend sat loak me.
if not,afraid of u so much.
By: ei lay at Aug 20, 2011
Comment #12
အဲဒီလိုလူတွေကိုတော့ရှောင်ရမယ်နော်
By: မီမီ at Jan 7, 2012
Comment #13
so so cute
By: ei lay at Jul 22, 2012




Comment #1
မင်းအခု..
င့ါဆီက ရနေတာတွေက
ကြင်နာမှုတွေနော်….။
ပြောင်းပြန်ပြောင်းလဲ
နာကျင်မှုတွေဖြစ်လာရင်..
အဲဒါ..ဘယ်သူမှားလို့လဲဆိုတာ
မင်းဖြေဖို့ ပြင်ဆင်ထား..။
မြန်မြန်ပြောင်းလဲနိုင်ပါစေ….
အားပေးသွားပါတယ်…။