Professional Authors

သစ္စာဖောက်တစ်ဦးရဲ့မိခင်

ဟိုတစ်နေ့က
သူမြို့ထဲမှာလမ်းလျှောက်ထွက်ခဲ့တယ်
ကောင်းကင်မှာတိမ်တွေအများကြီးပဲ…

လင်းဒလောက်တော့ငှက်တိုင်းလှပါတယ်တဲ့
မိန်းကလေးရယ်

အေးချမ်းခြင်းကိုမခံစားနိုင်တဲ့သူတွေအတွက်
ကျနော်ဟာဂေါ်ကီရဲ့အမေမဟုတ်ပါဘူး။

သစ္စာဖောက်တစ်ဦးရဲ့မိခင်ကိုယ်စားခံစားမိတယ်။
အိမ်မက်တွေကသွေးစက်လက်ထုံမွှန်းလို့
ဒါဟာရာဇဝင်တစ်ပုဒ်လိုပဲ အလန့်တကြားကိုရက်စက်လွန်းတယ်။

“မြို့သူမြို့သားတစ်ယောက်ကိုယ်စားကျမတာဝန်ကျေသွားပါပြီ
အခုသားတစ်ယောက်ရဲ့မိခင်အနေနဲ့ကျမတာဝန်ကျေရပါဦးမယ်”

သားရဲ့ရင်ခွင်ထဲကိုစိုက်ခဲ့တဲ့ဒါးကို
အမေ့ရဲ့ရင်အုံထဲအရှိန်အဟုန်တူစိုက်နစ်ခဲ့တယ်။

သူဟာအာနန္ဒာရဲ့မိခင်မဟုတ်ဘူး။

သူဟာယေရှုရဲ့မိခင်မဟုတ်ဘူး။

သူဟာချားလ်စ်မင်းသားရဲ့မိခင်မဟုတ်ဘူး။

သူဟာသစ္စာဖောက်တစ်ဦးရဲ့မိခင်သာဖြစ်တယ်။

MSH

In: ကဗျာ Posted By: Date: Mar 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment