Professional Authors

လွင့်နေ့များ

အပြုံးကလေးရဲ့အိပ်မက်တွေ နားလည်ပေးရုံ ဟာအချစ်မဟုတ်သေး
လှေနံဓားထစ်ကလေးရဲ့ မနက်ဖြန်တွေဟာလည်း ငါ့အာရုံအသစ်မဟုတ်

အားလုံးအဝါရောင်ဆွတ်ပျံညနေ
ကြယ်ကြွေလမ်းကခရီး တစ်ထောက်စာ နေဘဝ
သတိတရရှိနေပုံဟာ ဒါသဘာဝသာ

နားမလည်နိုင်သူကို သိဖို့မျှော်လင့်အတင်းကြပ်
ရင်ဖွင့်ပြောပြလိုစိတ်အားဖျော့ဖျော့လေးတောင်မရှိတော့
အိပ်မရစားမရ ဖြစ်တိုင်းသာ မြတ်နိုးခွင့်ကို အသနားခံလို့ရမယ်ဆို
မြတ်နိုးခွင့်ရဖို့ အိပ်မရစားမရ ဖြစ်ပုံကိုရော?

ဩမြိုင်

In: ကဗျာ Posted By: Date: Mar 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment