Professional Authors

ငါ လွမ်းနေရင် အနည်းဆုံးတော့ နင်သတိရနေပေးပါ

ဟိုတုန်းက လို ရယ်မောစရာတွေ မရှိတော့ပေမဲ့
ဟိုတုန်းက လို ဖြူစင်မှုတွေ မရှိတော့ပေမဲ့
ဟိုတုန်းက လို အဖြူထည်သက်သက် နင့်လက်ကို ဆုပ်ကိုင်ခွင့် မရတော့ပေမဲ့
ရင်ခုန်သံတွေ နဲ့ ညစ်ထေး
ငါ မရိုးသားချင်တော့ဘူး သူငယ်ချင်းရယ် . . . . ။

နင် ပြောတတ်တဲ့ ငါရှိရင် ပျော်ရွှင်တယ်ဆိုတာ
ငါတို့ နှစ်ယောက်ကြား အဖြူရောင်စည်းခြားတုန်းကသာ
နင့် နှုတ်က ရဲရင့်ခဲ့တာမှန်း
ဒီ စည်းအပြင် ငါကျော်ခဲ့တော့
ငါ ဟာ ထမင်းချိုးဟင်းချိုး ဖြစ်သွားပြီ . . . . ။

ကမ္ဘာလောကကြီးထဲ
နင် နဲ့ ငါသာရှိတယ်
နင်ဟာ ငါ့ကို သိပ် ကြင်နာတယ်
ဒီ အိပ်မက် ကလန့်နိုးပြီးနောက်
နင်ဟာငါ့ကို သိပ်နာကျင်စေတယ်
နှစ်ယောက်တည်းမဟုတ်တဲ့ လောကကြီးထဲ
ပတ်ဝန်းကျင် က စာလုံးပေါင်းတော့
ငါဟာ နင့်အတွက် နတ်ဆိုး တဲ့ . . . . ။

သြော် . . . .
ငါ့စိတ်တွေက
နင့်ရွှေရောင် နာရီလေးထဲ မှာပဲ အိပ်စက်နေခဲ့တာပါ . . . . ။

နင့်မိုးတိမ် အောက်မှာ ငါပဲ မိုးခိုခဲ့တာ . . . .
နင်ပဲ အငြိုးကြီးခဲ့တာ . . . .
နင့် နှုတ်ခမ်းပေါ်မှာ နှလုံးသားက ကျိန်စာသင့်ခဲ့တာ . . . .
နင်ပဲ သွေးတိတ်စေခဲ့တာ . . . .

ငါလေ . . . .
ကိုယ်ပျောက်သွားချင်တယ် ဆို
နင်လိုရင်တော့ အသင့်ရှိနေမှာ
အဆုံးတစ်နေ့ အထိ ငါဟာနင့်ကို ရူးသွပ်နေဦးမှာ
နင့်ကို အဖြူစင်ဆုံး မြတ်နိုးနေဦးမှာ . . . . ။

ရည်စူးချက်များစွာ နဲ့
ငါ နင့်အနားရှိနေမှာ . . . .
အဆုံးတစ်နေ့အထိ . . . .
နင့်ကို အဖြူစင်ဆုံး မြတ်နိုးနေဦးမှာ . . . . ။

In: ကဗျာ Posted By: Date: May 15, 2010
Comment #1

ဖြိုးဝင်းကျော် ဒီကဗျာ ကို ကူးထားနိုင်ပါတယ် . . . . ။ ကျွန်တော် လည်း ကျွန်တော် စံနမူနာ ယူရတဲ့ ကဗျာဆရာ တွေ ၊ ကျွန်တော် နဲ့ရွယ်တူ တွေ ၊ ညီအစ်ကိုတွေ ဆီကလည်း ကျွန်တော် နှစ်သက် တဲ့ ကဗျာလေးတွေ ကို ကူးရင်ကူး ၊ မကူးရင် မှတ်သားထားတတ်ပါတယ် ။ ဒီလို ဝေဖန် ပေးတဲ့ အတွက် ဖြိုးဝင်းကျော် ကို ကျေးဇူးတင်ပါတယ် ၊ နောက်လည်း ဝေဖန်ပေးပါ ။ လောကမှာ ကျွန်တော့် အမှားတွေ ကို ကျွန်တော် အသိချင်ဆုံးပါ ၊ အပြုပြင်ချင်ဆုံးပါ ။ စကားလုံးတွေကို ဆန်းသစ်အောင်သုံးနှုန်း မထားပါဘူး ။ အရိုးစင်းဆုံး ချရေးခဲ့တာပါ ။

commentinfo By: fridayofpoem at May 16, 2010
Comment #2

စိတ်တွေကို ကဗျာတွေက ဦးဆောင်နေတယ်…….

commentinfo By: chocolate at May 16, 2010
Comment #3

I like this so so so much.thanks a lot..poem owner!!! 🙂

commentinfo By: miss30 at May 20, 2010
Comment #4

I like your poem so much and please share my poem.

commentinfo By: Min Ko Ko at Jun 29, 2010
Comment #5

ကမ္ဘာလောကကြီးထဲ
နင် နဲ့ ငါသာရှိတယ်
နင်ဟာ ငါ့ကို သိပ် ကြင်နာတယ်
ဒီ အိပ်မက် ကလန့်နိုးပြီးနောက်
နင်ဟာငါ့ကို သိပ်နာကျင်စေတယ်

commentinfo By: အသဲကွဲမိုး at Feb 9, 2011
Comment #6

ရည်စူးချက်များစွာ နဲ့
ငါ နင့်အနားရှိနေမှာ . . . .
အဆုံးတစ်နေ့အထိ . . . .
နင့်ကို အဖြူစင်ဆုံး မြတ်နိုးနေဦးမှာ . . . . ။

commentinfo By: ကေသရီ at Sep 26, 2011
Comment #7

ရည်စူးချက်များစွာ နဲ့
ငါ နင့်အနားရှိနေမှာ . . . .
အဆုံးတစ်နေ့အထိ . . . .
နင့်ကို အဖြူစင်ဆုံး မြတ်နိုးနေဦးမှာ . . . . ။
ကောင်းတယ်…။ အဲလို စိတ်ဓါတ်ကလေးတွေကိုသဘောကျတယ်။
အားပေးသွားပါတယ်ဗျာ။

commentinfo By: ကြယ်စစ်သည် at Sep 26, 2011
Comment #8

ဟိုတုန်းက လို ရယ်မောစရာတွေ မရှိတော့ပေမဲ့
ဟိုတုန်းက လို ဖြူစင်မှုတွေ မရှိတော့ပေမဲ့
ဟိုတုန်းက လို အဖြူထည်သက်သက် နင့်လက်ကို ဆုပ်ကိုင်ခွင့် မရတော့ပေမဲ့
ရင်ခုန်သံတွေ နဲ့ ညစ်ထေး
ငါ မရိုးသားချင်တော့ဘူး သူငယ်ချင်းရယ် . . . . ။

commentinfo By: မ at Apr 26, 2012
Comment #9

really perfect

commentinfo By: ei lay at Jun 14, 2012
Comment #10

Really touching

commentinfo By: ei lay at Jul 30, 2012
Comment #11

ငါလေ . . . .
ကိုယ်ပျောက်သွားချင်တယ်ဆို
နင်လိုရင်တော့ အသင့်ရှိနေမှာ …

တူညီတဲ့ခံစားချက်တွေနဲ့အတူ အားပေးသွားပါတယ်ဗျာ …။

commentinfo By: Fourteen4 at Apr 23, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment