Professional Authors

ကျွန်ခံခြင်းများ(philippe soupalt)

မနေ့ညက
အပြင်ဘက်မှာ
ကြော်ငြာ ပိုစတာတွေက သီချင်းဆို
သစ်ပင်တွေက အစွမ်းကုန် ဆန့်ထွက်
ဆံပင်ညှပ်ဆိုင်က ဖယောင်းရုပ်တုကလည်း
ငါ့ကို ပြုံးလို ပြုံးပြနဲ့။
‘တံတွေး မထွေးရ’ တဲ့။
‘ဆေးလိပ်မသောက်ရ’ တဲ့။
နင့်လက်ထဲကလည်း
နေရောင်ခြည်တွေ ယိုစီးထွက်နေပါလား။
နင်က ကြေငြာတယ်
အားလုံး ဆယ့်လေးခု ရှိတယ်ဆိုပဲ။
ငါဟာ
မြေပုံထဲမှာ မပါတဲ့
လမ်းတွေကို တီထွင်ပြီး
ကမ္ဘာ့တိုက်သစ်ကြီးတွေကို ဖော်ထုတ်တယ်
နက်ဖြန်ကျရင်
သတင်းစာထွက်မယ်
‘စိုစွတ်သော ဆေးရောင်များ’
ငါလည်း
တုတ်ကောက်တစ်ချောင်းကလွဲလို့
ဘာကိုမှ မဆောင်ဘဲ
ဝတ်လစ်စလစ် လမ်းလျှောက်ထွက်လိုက်ဦးမယ်ကွယ့်။

(ဘာသာပြန်-ဟိန်းလတ်)

In: ကဗျာ,Others Posted By: Date: Mar 26, 2011
Comment #1

မနေ့ညက
အပြင်ဘက်မှာ
ကြော်ငြာ ပိုစတာတွေက သီချင်းဆို
သစ်ပင်တွေက အစွမ်းကုန် ဆန့်ထွက်
ဆံပင်ညှပ်ဆိုင်က ဖယောင်းရုပ်တုကလည်း
ငါ့ကို ပြုံးလို ပြုံးပြနဲ့။
‘တံတွေး မထွေးရ’ တဲ့။
‘ဆေးလိပ်မသောက်ရ’ တဲ့။
နင့်လက်ထဲကလည်း
နေရောင်ခြည်တွေ ယိုစီးထွက်နေပါလား။
နင်က ကြေငြာတယ်
အားလုံး ဆယ့်လေးခု ရှိတယ်ဆိုပဲ။
ငါဟာ
မြေပုံထဲမှာ မပါတဲ့
လမ်းတွေကို တီထွင်ပြီး
ကမ္ဘာ့တိုက်သစ်ကြီးတွေကို ဖော်ထုတ်တယ်
နက်ဖြန်ကျရင်
သတင်းစာထွက်မယ်
‘စိုစွတ်သော ဆေးရောင်များ’
ငါလည်း
တုတ်ကောက်တစ်ချောင်းကလွဲလို့
ဘာကိုမှ မဆောင်ဘဲ
ဝတ်လစ်စလစ် လမ်းလျှောက်ထွက်လိုက်ဦးမယ်ကွယ့်။။။။။။။။

Leave Comments

Name*

Email*
Website
Email me whenever there is new comment