Professional Authors

လမင်း ၀ှက်လိုက်သော ကောင်းကင်

အားလုံး ပျောက်ဆုံးသွားပြီးချိန် မှာ

ငါ့ အချစ်ကို ငါ

ကြိုးပေး သတ်ခဲ့ပြီ   .  .  .

ငါ့ ပျက်သုဉ်းခန်း ရောက်ချိန် မှာ

နင့် စာနာမှု တို့ အိပ်တန်းတက်ချိန် ရောက်ပြီ

အမှောင်ဆန်တဲ့ ငါ့နိဗ္ဗာန် ဟာ

ကျိုး ပဲ့ လွင့် ကြေ လို့ 

နင့် စကားသံတွေဟာ နီးလာလိုက် ဝေးသွားလိုက်နဲ့ 

င့ါ ခရီးကြမ်း ငါ ခြေဆန့် ခဲ့တယ်

လှေနံ ဓါးထစ် တစ်ယောက်ရဲ့ 

ညနေခင်း ဟာ အမှောင် ဆန်ဆန် ပျောက်ဆုံးသွားပြီ ။  ။

ဘယ်လောက် အိုစာ တဲ့ ကမ္ဘာ များ လဲ

နင် ဒရွတ်တိုက် ဆွဲခေါ်သွားခဲ့တဲ့ ငါတို့ ရဲ့ အတိတ်တွေ

ငါ့ ကောင်းကင် မှာ ကျဲပြန့် လို့ 

နီယွန် မီးတွေ မှိတ်တုတ် မှိတ်တုတ်နဲ့ 

ကြည့်လေရာ  နင့် အရိပ်တွေ နဲ့ 

ငါ့ ရဲ့ အဝေးဆုံးက ချစ်သူ

ငါ့ကမ္ဘာမှာ တော်လဲ နေတယ် ။   ။

စိမ်းကားလှတဲ့ နာရီ ခတ်သံရယ်

တ ချက် ချက် နဲ့  ငါ ညအိပ်မပျော်ဘူး

အတိတ်တွေဆီ လက်ယက်လို့ ခေါ်ချင်နေတဲ့ အိပ်မက်တွေ

ငါ့ နှလုံးသားက ခွင့်မပြုနိုင်ဘူး

မနက်ဖြန် ရယ်  ခြေချလိုက်ပါတော့

သနားစရာ ငါ့ ခေါင်းအုံးငယ် ပေါ်

ငါ မျက်ရည်တို့   ဖန်တီးမိနေလို့ 

ဒဏ်ရာဆိုတာ နာကျင်ဖို့ မဟုတ်လား ကွယ်

ဘာ့အတွက် ငါ လွမ်းနေမိသလဲ  ။    ။

ဇာတ် သိမ်း လို့  သတ်မှတ်ချက် မှာ

နင် လှောင်ပြောင်သရော ခဲ့တဲ့ ငါ့အချစ်တွေ သေတယ်

ဒိုင်ယာရီပေါ်က ငါ့ ပျော်ရွှင်မှုတွေ

ငါ့ မျက်လုံးထဲက မျှော်လင့်ချက်တွေ . . . .အားလုံးပျောက်ဆုံး

ငါ ရေထဲ သဲ သွန်ချ မိပြီ ။       ။

အရင် အချိန် က ကမ်းလှမ်းလို့ ကြိုသူရေ

အခု ငါ နင်သတ်မှတ်တဲ့ ငရဲ မှာ

တစ်ခြမ်းစာ ရိုက်ထားခဲ့သော ဖိတ်စာ 

နင် မိန်းမရိုင်း လို ချေဖျက်

ငါ စိတ်ကူးခဲ့တဲ့ အိပ်မက် ဟာ ဒဏ်ရာပရပွ နဲ့  

တကယ် မိုက်ရူးရဲ ဆန်ခဲ့သူဟာ နင် မဟုတ်ဘူး  ငါ ပါ  ။     ။

ငါ မရှိဘဲ နင် အဆင်ပြေနေတယ် မလား

အတူတူ တရှိုက်မက်မက် မျောလွင့်ချင်နေတဲ့ ခရီး

ဒီနေရာမှာ ရပ်တန့် သွားပြီ

ကျေးဇူးပြုပြီး ငါ့မျက်လုံးကို မကြည့်ပါနဲ့ 

လှေကားတစ်ခုလို နင်းပြီး ဆင်းသွားခဲ့တဲ့ ငါ့နှလုံးသားက ဒဏ်ရာ

အဲဒီ က နေ လှမ်းမြင်မိမှာစိုးလို့ 

ရိုးသားစွာ ဆောက်တည်ခဲ့တဲ့ အချစ်တစ်ခု မှာ

ငါက ကျဆုံးသူ နင်က သူရဲကောင်းလေ

လှောင်ပြုံးတစ်ခု နဲ့  နင်နိုင်သွားပြီ   . . .

ဟုတ်တယ်

နင် နိုင်သွားပြီ ၊၊      ၊၊

ခွင့်ပြုချက်မဲ့တဲ့ အလွမ်းတွေ နင့်ဆီကို တမ်းတရင်း

င့ါမြှားတွေ ငါ့ရင်ကို ပြန်စိုက်တယ်

စူးနစ် လို့ စိုက်ဝင် ငါ့ဒဏ်ရာ ငါ ပြန်ရေးတယ်

အရိပ်ပြလို့ အကောင် မမြင်သူ

ငါဟာ သူငယ်ချင်းတွေ ပြောတဲ့ ငတုံးငအ ဖြစ်တယ်

အရင်ကလဲ ချစ်တယ် အခုလဲ ချစ်တယ်

နင်ဆိုတာဟာ ငါ့ရဲ့ ဘယ်တော့မှ မသေတဲ့ အိပ်မက် ၊၊       ၊၊

အောင်နိုင်သူနင်က ၀င့်ဝင့်ထည်ထည်နဲ့ ကျနတဲ့ အပြုံးကိုပြုံး

ငါ့နှလုံးသား အောင်မြေ မှာ မိန့်မိန့် ကြီး မင်းမူနေတုန်း

ငါ့ အတိတ်က ငါ့အနာဂတ်ပဲ

နင့် အချစ်တို့ ရပ်သွားပေမဲ့ ငါ့အချစ်တို့ က အသက်ဆက်နေတုန်း

နင့်ကို စွဲလမ်းလို့ မက်မပြေအိပ်မက်နဲ့ လန့် လန့် နိုးခဲ့သောအခါ

ငါ့ကိုယ် ငါ “ကြိုး” တစ်ချောင်းလို့ မြင်မိခဲ့ချိန်မှာ

ဆက်ရာ ထုံးရာတွေနဲ့  တစ်သက်စာ အမှားအတွက်

ငါ  ဘာများ ထပ် ပေးဆပ်ခွင့်ရှိဦးမလဲ ၊၊     ၊၊

 

ငါ ခြေတစ်ဖျား ထောက်စာ နင့်ဆီခိုလှုံဖို့ စဉ်းစားနေချိန်မှာပဲ

နင် ဖ၀ါး တစ်ခုလုံးနဲ့ ငါ့ကို နင်းသွားခဲ့ပြီ

နင် ငါ့ကို စားကျက်ဆီလွတ်လိုက် တုန့် ခနဲ ပြန်ဆွဲလိုက်နဲ့  လုပ်နေတုန်း

အဲဒီ ကြိုးကို ဖြတ်လိုက်တော့ ငါ ပိုခံစားရတယ် 

တုံဏိဘာဝေ နဲ့ နှုတ်ဆိတ် ငါ့ မာန တွေ နင့်အတွက် အောက်ခြေသိမ်းလို့ 

နင့် နှာတစ်ဖျား က ကျလာမဲ့ အမိန့် တွေကို ကြိုလင့်

ဒီလမ်းက ငါ့ကို နောက်ဆုတ်ခိုင်းလိုက်ပြီပေါ့

ရုတ်တရက် ငါ့ရဲ့ “ နေအလင်း ”  ဒီရပ်ဝန်းက ထာဝရ ပျောက်ကွယ်ရပြီပေါ့ ၊၊       ၊၊

ဆွဲအားပြင်းပြင်းနဲ့ ပစ်လွတ်ချင်နေတဲ့ မြှား 

“ပစ်မှတ်” မရောက်ခင် လေးကြိုးရပြီ

စူဠသုဘဒ္ဒါ ကဲ့သို့ အငြိုးကြီးလှသူ ရယ်

ငါ့ရဲ့  နင့်အပေါ် ဂရုမစိုက်မှုတွေက အခု ငါ့ကိုယ်ငါ ဂရုမစိုက်ချင်တော့ဘူး

အလင်းအားပြင်းလွန်းတဲ့ မိုးကုတ် စက်ဝိုင်းမှ နင် ဟာ

ငါ့ကို အမှောင်ပြပြ လမ်းခွဲ တစ်ခုမှ လက်ပြလိုက်ပြီပေါ့

ငါကျေနပ်ပါတယ်

စစ်မရောက်ခင် မြှားကုန်ရမှာထက်

နင့် အနိုင်ပိုင်းခြင်း ကို ငါ ယုတ္တိရှိရှိ လက်ခံနိုင်ခဲ့ပြီ ၊၊        ၊၊

အလံဖြူတစ်စင်း နင့်အတွက် အမြဲလွင့်နေခြင်းက

အရှုံးပေးခြင်းဆိုတာ နင်မေ့ရော့နေခဲ့သလား

ဒီလမ်းကို ငါမီးပြမှ နင်လျှောက်စရာမလိုပါဘူးဟာ

ငါဟာ နင့်အတွက် “မီးပြတိုက်” တစ်လုံးဆိုတာ

နင့်အတွက် အမြဲတမ်း လင်းနေချင်တဲ့ ငါ့ကောင်းကင်က သိတယ်

အကျိုးအပဲ့တွေ တစ်ပိုင်းတစ်စ နဲ့ ငါ့ မြို့ ဟောင်း ငယ်လေးဆီက

ငြီးတွ ခယ တောင်းပန်သံများ  အကြား

ငါ့အား ယဇ် တစ်ကောင်လို ပူဇော်ဖို့  အချစ်ကို ခုတုံးလုပ်ခဲ့သူ ရေ

ငါ့ အတွက် . . .

အားလုံး ပျောက်ဆုံးသွားပြီးချိန်မှာ

ငါ့အချစ်ကိုငါ ကြိုးပေးသတ်ခဲ့ပြီ ၊၊        ၊၊

လမင်းဇော်

In: ကဗျာ Posted By: Date: Mar 26, 2011
Comment #1

ကောင်းပါတယ်..။

commentinfo By: ကိုကိုသုစံ at Mar 26, 2011
Comment #2

ငါ့ကိုယ် ငါ “ကြိုး” တစ်ချောင်းလို့ မြင်မိခဲ့ချိန်မှာ
ဆက်ရာ ထုံးရာတွေနဲ့  တစ်သက်စာ အမှားအတွက်
ငါ ဘာများ ထပ် ပေးဆပ်ခွင့်ရှိဦးမလဲ ၊၊ ၊၊

အားပေးတယ်ဗျာ..

commentinfo By: abcd at Mar 26, 2011
Comment #3

အရင်ကလဲ ချစ်တယ် အခုလဲ ချစ်တယ်

နင်ဆိုတာဟာ ငါ့ရဲ့ ဘယ်တော့မှ မသေတဲ့ အိပ်မက် ၊၊ ၊
အရမ်းကြိုက်သွားတယ်…တကယ် ခံစားရတယ်….ထပ်တူကျနေတယ်…..
ကဗျာလေးက လှတယ်

commentinfo By: အသဲကွဲမိုး at Mar 26, 2011
Comment #4

သူငယ်ချင်း
အားပေးသွားတယ်နော်
အရမ်းကောင်းတယ်

Comment #5

အားပေးသွားတဲ့ သူ အားလုံးကို ကျေးဇူးတင်ပါတယ် ဗျာ ၊၊ 🙂

commentinfo By: လမင်းဇော် at Mar 27, 2011
Comment #6

a yin ka le chit de.
a khu le chit de.
naung le chit me.
he,,he,,

nin har nga a twat me pya tike da lone so…
nga a twat a mye tan lin nay chin de nin sone phyat chat ko kyoe pay like phoe be dot hma ma sin sar ne.

commentinfo By: ei lay at Aug 21, 2011
Comment #7

အရမ်းကောင်း တယ်…. ပြီးတော့ အရမ်းကြိုက်ပါတယ် ..
အားပေးနေ ပါတယ် ….
အသစ်တွေ လည်းထပ်ရေး ပါ ဦးနော်…….။

commentinfo By: saung Hnin Phyu at Nov 9, 2012
Comment #8

ကဗျာ​တွေမိုက်​တယ်

commentinfo By: ကဗျာ​ကောင်​​လေး at May 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment