Professional Authors

၂၃ နွေ

 

၂၃ နွေ
နွေ …..
နွေ မှာ ကြွေတဲ့ ရွက်ဟောင်းများနှင့်အတူ
တိုင်တည်ပြီး တောင်းဆု ချွေလိုက်ပါတယ်
“ ငါတို့ ပြန်ဆုံကြမယ် ” ၊၊
နင်ထွက်သွားတဲ့ နောက် ဘယ်တော့မှ မြန်မာပြည်ကို
ပြန်မလာတော့ဘူးဆိုတဲ့ အတွေးမျိုး တစ်စက်မှ မရှိခဲ့
“Some day you will come back ” လို့ မျှော်လင့်ကြီး မျှော်လင့်လျှက်
နေ့ရက်များ ဖြတ်သန်း ခဲ့တာ ဒီနေ့နဲ့ ဆို ၃၆၆ ရက် ပြည့် သွား ပြီ ။

ဒီ နွေမှာ ဆုံ မင်းလေးကို ငါရင်ခုန်
ဒီ နွေမှာ ပြန်ခွဲ ငါလဲပဲ ရင်ကွဲ
နွေမှာ ပိတောက် ငါ့ ရင်ကို မီးတောက် တွေလောင်ကျွမ်းပြီ
နွေမှာ သင်္ကြန် ငါဟာ အထီးးကျန် ခြင်းဘွဲ့ ကိုပိုက်
နွေ သင်္ကြန်မှာ လူတွေ ပျောမြူးမယ်  ငါကတော့ အထီးကျန်ရင်း ရူးလိမ့်မယ်
နွေ သင်္ကြန်မှာ ကဲဖို လူစုံပြီ ငါ့ အသဲက အရည်ပျော်ကုန်ပြီ
ရင်ဘတ်အတွင်းမှာ ဒဏ်ရာ တစ်ပုံ ကြီး နဲ့
နွေမှာ ပဲ့ ကြွေရပြီကွယ် ။

ဒီ နှစ် နွေရာသီက အရင်နှစ် နွေ ထက်
အဆ ၇၀ ပူတယ် ….
ငါ့ ရင်ဘတ်ကလည်း လူသွား လူလာ ရှင်းတဲ့
လမ်းထဲ အထီးကျန် ဆိုင်းဘုတ် ကို ချိတ်ဆွဲ
နင်ထွက်သွားတဲ့ နေ့စွဲ ကစလို့
ရောင်း မ ကောင်းတဲ့ ကဗျာတွေ ရေးရင်း
အမြတ် အစွန်း မတွက် ရဘူး ။

အစက ငါမယုံဘူး
နောက်ဆုံးတော့ ……. ဖြစ်တာပဲ
နင်ထွက်သွားတဲ့ နောက်
နင်လိုက်သွားတဲ့ “ထွန်းတောက်”
ခရီးသည်သီးသန့် တင် ဘတ်စ် ကားကြီး
ငါ မုန်းတယ် …..။
မသွားနဲ့ လို့ တားချင်ပေမယ့်
နင်က ကားပေါ် ရောက်နေပြီလေ
နင်ထွက်သွားတဲ့ နေ့စွဲ ကစ နင်ပေးတဲ့ ပုဇွန်သော့တွဲ လေးကို
အမြတ်တနိုး ခိုး ခိုး နမ်းကာ သိမ်းထားတယ်။
စင်ကာပူ ကို နင်လိုက်သွားတဲ့ နေ့ကစ
ငါ ရင်ပူနေရတယ် …..
ငါ မြင်ချင်တာ “နတ်သမီး” ပါ
အခု နင်ဘာဖြစ်နေတယ် ဘာလုပ်နေတယ် ဆိုတာ
အကုန် ငါ သိတယ်
မသိချင်နဲ့ ကမ္ဘာစီးပွားရေးလောက
ချစ်ခြင်း ရဲ့ နယ်ပယ်လောက် မကျယ်ပြောပါဘူး ။

မင်းလေး မသိပါ တဖက်သတ်ဆန်
ငါ့ဖက်က ခံစားချက် အမှန်
မင်းရဲ့ အပြုံးတစ်ချက်
ငါ့ ရင်ခုန်နှုန်း ထိန်းရခက်
မင်းရဲ့ အကြည့်
ငါ့ ရင်ကို ထိ
ငါ့ ရင်ကို ၀င်မွှေပြီးနောက် လှည့်မကြည့်
နင်ထွက်သွားသည့် ၂၃ မတ်လ ငါ မှတ်မိ
နှစ် ပြီးရင် သုံး
အချစ် ပြီးရင် အမုန်း (အချစ်နဲ့ အမုန်းက လက်တစ်လုံးခြား)
ပစ်ထားပြီးရင် မသုံး လိုတော့
ငါ ကျန်ရစ် တာပေါ့ လား …..  အား
မင်း မုန်းသွားမှာ မင်း အသုံးမလိုတော့မှာ
ငါ အကြောက်ဆုံး
မတ်လ နှစ်ဆယ့်သုံး …… ။
မတ်လ ၂၃
 

In: ကဗျာ Posted By: Date: Mar 23, 2011
Comment #1

မသိချင်နဲ့ ကမ္ဘာစီးပွားရေးလောက
ချစ်ခြင်း ရဲ့ နယ်ပယ်လောက် မကျယ်ပြောပါဘူး ။

Comment #2

ဒီ နှစ် နွေရာသီက အရင်နှစ် နွေ ထက်
အဆ ၇၀ ပူတယ် ….
ငါ့ ရင်ဘတ်ကလည်း လူသွား လူလာ ရှင်းတဲ့
လမ်းထဲ အထီးကျန် ဆိုင်းဘုတ် ကို ချိတ်ဆွဲ
နင်ထွက်သွားတဲ့ နေ့စွဲ ကစလို့
ရောင်း မ ကောင်းတဲ့ ကဗျာတွေ ရေးရင်း
အမြတ် အစွန်း မတွက် ရဘူး ။…..စာသားအသုံးအနှုံးလေးတွေမိုက်တယ်ဗျာ…။အားပေးပါတယ်…

commentinfo By: terry at Mar 23, 2011
Comment #3

ကျေးဇုူးပဲ အားပေးတဲ့ ကိုလူမော်ငြိမ်း ရယ် ကို တယ်ရီ ရယ်။

commentinfo By: gadounlay at Mar 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment