Professional Authors

နင် ပျော်ရင်… နင်သာ ပျော်မယ်ဆိုရင်

ခြေလှမ်းသစ်တွေ တဖန်ပြန်စရအောင်
ပြီးခဲ့တာတွေလည်း ပြီးပါစေတော့
မေ့ထားလိုက်ရအောင်
ကံတရားက ဘက်မလိုက်ဘူးတဲ့
ဖြစ်နေတာကိုပဲ လက်ခံလိုက်ပါ။

နင့်နဲ့ ပတ်သက်ခဲ့တဲ့
အချက်အလက်တွေကအစ
နေ့စွဲ အသိတကျ အသဲကွဲနေ့များ
အမှတ်တရနေ့များ
……………………
…………………….
ယနေ့မှ စ၍
ငါ မေ့ပစ်လိုက်တော့မယ်။

နင်လည်း
နင့်ဘ၀နဲ့
ငါလည်း
ငါ့ဘ၀နဲ့
နောက် ခြေလှမ်းသစ်တစ်ခုစီကို လျှောက်
ပတ်သက်ခဲ့သမျှ အားလုံး
မေ့မေ့ပျောက်ပျောက် နေကြမယ်။

ဟိုတနေ့က
ကိုယ်ကြားလိုက်တဲ့ သတင်းက
ဝမ်းသာ စရာလား
ဝမ်းနည်း စရာလားးးးး
ငါ့ကိုယ်တိုင်လည်း ငါ့ နားနှစ်ဖက်ကို မယုံ
သတင်းပေးသူကလည်း လမ်းကြုံလို့ တဲ့
နို့မို့ဆို ငါ ဒီသတင်းကို
မသိလိုက်ရဘူး။။

လျှို့ဝှက် နိုင်မလား
ဒီသတင်း…
…………….
အကြီးအကျယ်တော့ မဟုတ်ပါဘူး
သူ မနက်ဖြန် မင်္ဂလာဆောင်တော့မယ်တဲ့
ငါ….
ရင်…
ထဲ..
မှာ.. ဗုံးတစ်လုံး ဖေါက်ခွဲ ခံရသလို ။
တော်ပြီ
ငါ ..
ဆက်ရေးနေရင်
ကဗျာ နဲ့ တူမှာ မဟုတ်တော့ဘူး
မီးခိုးတွေ ..
ပျောက်သွားမှ
ဆက်
ရေး
ပါ
မယ်

In: ကဗျာ Posted By: Date: Sep 3, 2011
Comment #1

ခံစားချက်တွေပဲ…
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 3, 2011
Comment #2

အားပေးသွားတယ်

commentinfo By: Village chat kyi at Sep 3, 2011
Comment #3

အားပေးသွားပါတယ်

Comment #4

စိတ်မကောင်းဘူးဗျာ…အားပေးလိုက်တယ်

commentinfo By: အသဲကွဲမိုး at Sep 5, 2011
Comment #5

poor u….
so cruel…

hote de,,fri.
forget.

thu ka u ne ma tan loh pop.
hote bu lar?
thu htat tar de thu ka hma u ye ba wa lat twe phaw phyit hmar de,,,ka kyan mar ka tat hmat pay like tar.

congradulation.

commentinfo By: ei lay at Sep 5, 2011
Comment #6

အားပေးတဲ့ အစ်ကို မမများ အားလုံးအားလုံး အထူးပဲ
ကျေးဇူးတင်ပါတယ်။ နောက်လည်း ကြိုးစားပါဦးမယ်။

commentinfo By: gadounlay at Nov 28, 2011
Comment #7

u r welcome.

commentinfo By: ei lay at Nov 29, 2011
Comment #8

နင်လည်း
နင့်ဘ၀နဲ့
ငါလည်း
ငါ့ဘ၀နဲ့
နောက် ခြေလှမ်းသစ်တစ်ခုစီကို လျှောက်
ပတ်သက်ခဲ့သမျှ အားလုံး
မေ့မေ့ပျောက်ပျောက် နေကြမယ်။

commentinfo By: maypyo22889 at Nov 23, 2012
Comment #9

နင့်နဲ့ ပတ်သက်ခဲ့တဲ့
အချက်အလက်တွေကအစ
နေ့စွဲ အသိတကျ အသဲကွဲနေ့များ
အမှတ်တရနေ့များ
……………………
…………………….
ယနေ့မှ စ၍
ငါ မေ့ပစ်လိုက်တော့မယ်။

commentinfo By: meso at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment