သိစေချင်တယ်……..
မလိုအပ်ခဲ့ဘူးထင်ခဲ့ပေမယ့်
တကယ်တမ်းတော့
ဘ၀နဲ့ထပ်တူ
နင့်ကိုလိုအပ်ခဲ့တာပါ………..
တကယ်မချစ်ခဲ့ဘူးထင်ခဲ့ပေမယ့်
တကယ်တမ်းတော့
ဘယ်သူနဲ့မှမတူအောင်
နင့်ကို ချစ်မိခဲ့တာပါ…………….
ထားခဲ့လည်းမခံစားရဘူးလို့ထင်ခဲ့ပေမယ့်
တကယ်တမ်းတော့
နင့်ကျောခိုင်းတချက်က
ငါ့အတွက် သေမတတ်ဖြစ်စေခဲ့တာပါ…………….
ဒါပေမယ့်လည်း……………
မာနဆိုတာကိုပန်းလိုပန်ခဲ့တဲ့အတွက်
ငါကိုယ်တိုင်ရွေးချယ်ခဲ့တာက
နင့်ရဲ့ အမုန်းတွေကိုပါ…….
နင်မှန်ပါတယ်………
နင့်ရဲ့ဖြူစင်သောချစ်ခြင်းတွေက
ငါ့ကိုကျိန်စာသင့်စေလိမ့်မယ်………ဆိုတာလေ…
အခု…ငါ့မှာ
ကျိန်စာတွေစူးရင်း
အလွမ်းမူးမူးနေရပြီ။ ။
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
oh,,,
poor u,
that’s why,,plz don’t lie.
lie urself is the worst.