Professional Authors

တစ်ဦးပိုင်မဟုတ်တဲ့ ….. အများဆိုင်

….. ငါ …..
တစ်ဦးပိုင်မှတ်လို့

အရူးမနိုင်ဇာတ် ခင်းမိပါတယ်
မလူးနိုင်ရယ်တဲ့ မလွန့်သာ
အထွန့်တွေသာ တလိမ့်လိမ့်တက်
တဇိမ့်ဇိမ့်ပျက်တဲ့ ကံကြမ္မာ
ဖန်လာတာ အငိုက်မိချိန်မတော့
အလိုက်မသိလေပေါ့ သူ့အမြင်
မရှုချင်အောင် ဖြစ်ရတယ်
ခွဲခြားပါဘိ ….

….. ငါ …..
အများဆိုင်သိမှ အမှားယိုင်မိတယ်
ကြားမနိုင် အသိတွေက
အဖျားတိုင် ငြိလေတော့
သက်ပြင်းတွေ အခါခါချ
ပါလာသမျှ သံယောဇဉ်
ပြန်ပြောရင် အရှုပ်ထင်ပြီး
သမုတ်ချင်လည်း မတတ်သာ
ခပ်ခွာခွာ နေရာအရပ်က
ဇာတ်နာသာ ဖြေကာကြည့်တော့မယ်
နေသာပါဘိ ….

In: ကဗျာ Posted By: Date: Mar 15, 2011
Comment #1

လာဖတ်သွားပါတယ်

commentinfo By: မင်းလူန at Mar 15, 2011
Comment #2

စာသားတွေက …..ထိတယ်

commentinfo By: kaungkincho at Sep 29, 2011
Comment #3

သံစဉ်တွေက မိုက်တယ် ။
သံစဉ်တွေက ကျနော် ဦးလေး အရက်မူးလာတဲ့ ခြေလှမ်းတွေနဲ့ တူတယ် ။
သံစဉ်တွေက သစ်ရွက်တွေ နွားစားနေတာနဲ့ တူတယ် ။
သံစဉ်တွေက ဘ၀တွေနဲ့ တူတယ် ။
သံစဉ်တွေက ညတွေနဲ့ တူတယ် ။
တကယ်တော့ သံစဉ်ဆိုတာ ဘ၀ပဲလေ ။
ဘ၀တွေကပဲ သံစဉ်ဖြစ်နေတာမလား ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment