Professional Authors

ဟိုအရင်လို..

ပြောချင်တာလေးတွေ..

ပြောနိုင်ဖို့…..

ချစ်သူဆီကို…သတိ၇ခြင်းတွေ

လေနဲ့ အတူ ပို့လိုက်တယ်…

 

၁၀တန်းစာမေးပွဲ…

ဖြေတုန်းကလို..

သူမ မျက်ဝန်းတွေ 

ခပ်ဆဆ ရင်ဆိုင်မိတိုင်း

ရင်ခုန်ခြင်း….ခပ်များများနဲ့…..

ချစ်သူ ကို

စကားစပြောဖို့ ကြိုးစားရင်း

အမှတ်တရတွေလဲ…

ဟိုတစ်စ ဒီတစ်စ….

အခန်းထဲမှာပြန်ကျဲလို့…

 

ဒီအချိန်မှာ…

ငါဟာ အိမ်လွမ်းသူပေါ့…

အမေ့ကိုမုန့်ဖိုး တောင်းတတ်တဲ့..

ကျောင်းအပြန် အိမိတန်း မပြန်ဘဲ…

လမ်းမှာ ဂျင်ပေါက်နေတတ်တဲ့…

ကောင်ဆိုးလေးတစ်ယောက်ပေါ့…

 

ပီးတော့..

အိမ်စာတွေမပီး..လို့

ညအိပ်မပျော်သူ..

သင်္ကြန်နားရောက်ရင်…

ရေပူဖောင်းတွေ ၀ယ်စုတတ်သူ..

 

ကျောင်းတုန်းက 

ရယ်သံလေးတွေ..လွမ်းမိရင်..

သောက်လက်စ စီးကရက် ကို မီးသတ်..

ကျကွဲခဲ့ဖူတဲ့…ရင်ခုန်သံတွေ အတွက်..

ကောင်းချီးပေးလိုက်ပါတယ်…

 

ဒါဟာဆန်းပြားတဲ့..အာရုံဘဲ..

အတွေးဘဲ….

ကော်ဖီခွက်ထဲ လျှံကျသွားတဲ့ 

သစ်ဂျပိုးခေါက် စလေးဘဲ..

ရည်းစားစာတစ်စောင်ဘဲ….

သူမဘဲ…

 

ငါတို့ နှစ်ဦးလက်ခံထာတဲ့

ဥပဒေ သ..

အချစ်ဘဲ…

In: ကဗျာ Posted By: Date: Mar 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment