Professional Authors

အကြည့်တစ်ချက်

လူမှာကတိ ချိန်ဆကြည့်မှ
ကတိဖျက်ဖို့ ကတိပေးကြေးမို့
တစ်ဖက်သား ကတိပျက်တော့
မကြည့်ရက်ဘဲ ကျွဲမြီးတို
ခွက်ထဲထည့် အံစာခေါက်
လေသံတွေ တစာစာနှောက်ပြီး
အသက် တစ်ရှုစာလောက်
လဲသေချင်စိတ် ပေါက်ရောလား?
ဒီလိုပဲ ဖြစ်ရမယ်လေ
ဟောင်းလောင်းပေါက် ရင်ဘတ်နဲ့
ရုပ်ကိုးဆယ် ပိုင်ရှင်ကများ
ရင်တွင်းဖြစ် စိတ်တစ်ခုကို
စက္ကန့်တိုင်း ဖမ်းဆုပ်ဖို့
ဆာလောင် ငတ်မွတ်တိုင်း
လောကကြီးကို မချိသွားဖြဲ
ကျီစားရဲလိုက်တာ လွန်ရော!
ကုတ်ခြစ်၊ ကိုက်ဆွဲ
ရိုက်နှက်တာ အားမရသေးဘဲ
အကျင့်ရွဲရွဲ တိရစ္ဆာန်လို
သခင့်နေရာမှာ မစင်စွန့်ဖို့
ကဗျာပေါ်အိပ် ကဗျာနားစား
ကဗျာကိုမှ အချိုသတ်စော်ကား
သိမ်ဖျင်းလှတဲ့ အဇ္ဈတ္တနဲ့
မြှားစိုက်ရာ ပစ်ကွင်းချက်မလုပ်
အောင်လံထူ ပြနေလည်း
တခမ်းတနားလုပ်ဖို့ စောပါသေးတယ်!
အနှစ်မဲ့ ရေးကြီးခွင်ကျယ်မှာ
ဆန္ဒတွေ စိတ်ရူးပေါက်တိုင်း
အသိဥာဏ်မဲ့ ပွဲစည်ဖို့
သဘာဝလွန် ဒိန်ခဲကို
နေရာရွှေ့ဖို့ အလစ်ချောင်း
သရဖူ လာဆောင်းပြမနေနဲ့
မင်းဖက်က ချိန်ခွင်လျှာ
အလေးခိုးထားတာ သိသာလွန်းတယ်!
ချိန်ခွင်လျှာ ငါ့တွက်တော့
ဦးနှောက်ကို ခါးတောင်းကျိုက်
ကတ္တီပါပေါ် ဓါးမသွေးတတ်လို့
မျက်ရည်တွေ ကြွေးပြန်တောင်းဖို့
ခွန်အားသာ နွဲ့ချင်နွဲ့မယ်
ရက်ရာဇာ အညွှန့်ခူးမယ့်
သတ္တိတွေ လက်ကြောတင်းတုန်း
ငါ့ဦးနှောက် မောင်းမဖြုတ်ခင်
မင်းချောင်ကုပ်နေဖို့သာပြင်!

In: ကဗျာ Posted By: Date: Mar 12, 2011
Comment #1

မင်းသမီး၇ဲ့ အေ၇းအသေားတွေကတော့..တော်2ကောင်းတယ်.. အားပေးနေတယ်

commentinfo By: genius.jinx28 at Mar 13, 2011
Comment #2

လာဖတ်သွားတယ်။

commentinfo By: မင်းလူန at Mar 13, 2011
Comment #3

အရမ်းကောင်းတာပဲ
အရမ်းလဲတော်တယ်

commentinfo By: saint at Mar 19, 2011
Comment #4

လုပ်ပစ်လိုက်

commentinfo By: baby soe at Mar 19, 2011
Comment #5

ဓာတ်ပုံ ကို ပို ကြိုက်တယ်…..။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #6

ကဗျာတွေကတစ်ပုဒ်ပီးတစ်ပုဒ်ဖတ်ကောင်းနေပါကောလား
ထူးခြားချက်က ကဗျာနဲ့ပုံတွေတွဲပီးတင်တဲ့အထာလေးက
သူများနဲ့မတူတစ်မူထူးတယ်ဗျာ
တောက်လျှောက်အားပေးနေတယ်နော်
အသစ်သစ်တွေအတွက်စောင့်မျှော်နေဆဲပါ

commentinfo By: harris at Nov 15, 2011
Comment #7

စာလုံးရွေးချက်မှုတွေ တကယ်ပီပြင်ပါတယ်
ဖတ်ရှုအားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Nov 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment