Professional Authors

ချစ်သူ့လမ်းဟောင်း

လမ်းတစ်လျှောက်မှာ
ပန်းခြောက်တွေနေရာမရွေ့
လှမ်းကောက်တော့
ဝေဒနာတစ်ပွေ့နဲ့…….
လွမ်းလောက်လို့
ဖြေစရာမတွေ့….

သြာ်……အသဲထောင့်မှာ
ခြေရာတွေအပြည့်ပါလား……..။
In: ကဗျာ Posted By: Date: Jul 17, 2013
Comment #1

နှုတ်ဆတ်ခဲ့ပြီသမ္ဗူလရေ
သမ္ဗူသက်ထားချစ်မယားရေ
စွန်သည့်ထိပ်လူစစ်သားမူကား
ကျွန်ယုံစားမို့
တိုင်းပြည်အရေး စိတ်မအေးဘူး
သွားရဦးမယ်
စိတ်လျှော့မာန်ဖြေ စံနေပါတော့
နေလေတော့။
နှစ်ဖြာအသည်းလိပ်ခဲတည်းသမို့
သမ္ဗူ့ ထံပါးမြှုပ်နှံထားပြီ
မယွင်းတိမ်းပါးစောင့်တရားကို
ယုံ၍ကျန်နေ လက်လျှော့လေတော့
နေလေတော့။
စောင့်၍လွယ်ထား မောင့်သည်းခြားကို
ဆိုချော့ရိပ်မြူ မိဘဟူတို့
စောင့်အပ်ဝတ္တရားချွတ်ချော်မှားပြီ
မောင့်အားသည်းခံစံနေပါတော့
နေလေရော့။
ကျေးဇူးစံထားမောင့်စကားဖြင့်
ညိုနွဲ့ မဉ္စူ မယ်သမ္ဗူကို
ကျန်စစ်ကိုယ်ပွားပတ္တမြားတန်ဆာ
မောင်ပါးခဲ့သည်

အလှမညီးချစ်သမီးကို
ပြည်စုံစေတော့ ဖြည့်စေတော့။
ထီးမြောက်နန်းလျှာ
သားသက်ချာကို
ဖွားခဲ့ပါမူ
နန်းဆောင်ကိုချဉ်း
မောင့်လက်တွင်းသို့
ဆက်သွင်းလေတော့
အိမ်ရှေ့ စံထား
မောင်မြှောက်စားမည်
ဖတို့ဝတ္တရား ကျေပါစေတော့
ကျေစေတော့။
ထမ်းသည့်ဝန် စေသည့်ကျွန်
လွန်စေပေါ့သမ္ဗူရယ်
ကျန်စစ်ရင်တွင်း မြှားပစ်ခွင်းသို့
သက်သွင်းလိပ်ပြာ
သင်ဟာကျွနုပ်ရဲ့ သခင်
သင်သာနှလုံးသားရဲ့ အရှင်ပါ။
လွမ်းရင်းနဲ့ပြန် ပြည့်တိုင်းရန်ကို
တွန်းလှန်ဖယ်ရှား
မောင်စစ်သားသည်
ဘဝလိပ်ပြာ ခန္ဓာသက်ရင်း
ပေးလှူခြင်းဖြင့်
သစ္စာကတိစောင့်သိရှိပြီ။
နိုင်ငံ့မျက်နှာပြည့်ရုပ်လွှာကို
သာစေအောင်ကြောင်း
ဆန္ဒပေါင်းဖြင့်
နှလုံးသားကိုစတေးဖို့ရွယ်
နှုတ်ဆက်တော့မယ်သမ္ဗူလရယ်
နေရစ်စေပေါ့ နေလေတော့။
ဝေယံအောင်
၂၀ . ၇ . ၂၀၁၃

commentinfo By: ဝေယံအောင် at Jul 22, 2013
Comment #2

နှစ်သက်စွာ အားပေး ခံစား သွားပါသည်

commentinfo By: အသဲကွဲ မိုး at Jul 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment