Professional Authors

စကားလေး တစ်ခွန်းတည်းပါ…

လည်ပင်းအရှည်ကြီးနဲ့ လှမ်းချစ်နေရပေမဲ့လည်း ငါကျေနပ်ပါတယ်….

ဒါပေမဲ့ ချစ်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းပွင့်လာဖို့ အတွက်

ငါဘယ်လောက်ထပ်ရှည်နေရအုံးမှာပါလိမ့်…..

ပွင့်တော့ပွင့်ပါတယ်….ဒါပေမဲ့အဖူးထဲမှာပဲပွင့်နေတော့ မှောင်နေတယ်လို့တော့ခံစားရတာပေါ့ချစ်သူ……..။

သံယောဇဉ်တွေအထပ်ထပ်ရစ်နှောင်ပြီးမှချစ်လာခဲ့တဲ့အတွက်

ကိုယ့်ကိုကိုယ်လည်းဂုဏ်ယူတယ်.. မင်းကိုလဲကျေးဇူးတင်မိပါတယ်။

 

ခြောက်သွေ.စွာနေတက်တဲ့ငါ့စကားတွေကြောင့် ကိုယ့်ကိုကိုယ်အားမရပေမယ့် ငါ့နလုံးသားကတော့

မင်းအတွက်အမြဲတမ်းမိုးဥတုပါချစ်သူ…။

ကျနော်နှေးပါတယ်လို့ လိပ်ကပြောတာကို

ယုန်ကမယုံလို့ပြေးကြည့်တယ်..ကဲ.ငါဘယ်လိုရှင်းပြရမလဲချစ်သူ…..မင်းကိုတကယ်ချစ်ခဲ့မိတာပါ။

ရင်ဘက်ကိုခွဲပြီးပြစရာတောင်မလိုပါဘူးချစ်သူ… ငါ့တကိုယ်လုံးမှာ မင်းကိုချစ်တဲ့အချစ်တွေ ချည်းပါဘဲ။

 

ငါဟာ လေထဲမှာဘဲကြည်နူးခွင့်ရတဲ့စွန်လေးတစ်စင်းပါ… ငါ့ရဲ့နှလုံးသားဆိုတဲ့ကြိုးလေးတစ်ချောင်းကို

ဆွဲကိုင်ထိန်းချုပ်နေတဲ့သူကတော့ မင်းကလွဲရင်ဘယ်သူဖြစ်နိုင်မလဲချစ်သူ…။

ကျေးဇူးပြုပြီးမင်းလက်ချောင်းလေးတွေနဲ့ငါ့ကို မင်းဆီအရောက်အမြန်ဆွဲယူရစ်ပတ်ပေးပါ…။

“သူ ဘယ်အချိန်ဘီးလုံးကိုများ လွှတ်ပစ်လိုက်လေမလား”လို့လေထဲကနေ ခြောက်ခြားစွာ တွေးပူနေရတာ ခံစားရတာဆိုးလွန်းလို့ပါ ……………………။

                   3.3.11/fri       9:30pm

         

In: ကဗျာ Posted By: Date: Mar 4, 2011
Comment #1

အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 4, 2011
Comment #2

Oh,,yes.
Hit to my heart.

commentinfo By: ei lay at Apr 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment