Professional Authors

“ လမ်းဆုံ ”

လောကဓံ လှိုင်းတံပိုးအောက်. . .

ငါ နစ်မြုပ်လို့

မျှော်လင့်ချက်တွေ ပြိုလဲ

ခံစားချက်တွေ ကွဲလွဲလို့

လမ်းဆုံ လမ်းခွနှစ်ခုကြား

ငါ ဘယ်လမ်းကို ရွေးရမလဲ. . . ။

 

အချစ်လို့ ထင်မှတ်တဲ့ ငါကဗျာ

ခပ်ကြမ်းကြမ်း စုတ်ချက်တွေနဲ့

ဒုက္ခတွေ စီးမျောလာတယ်. . . .၊

ငါ လျှောက်တဲ့လမ်း စမ်းတ၀ါးဝါးနဲ့

ခလုတ်တိုက်လဲမှာ ငါကြောက်နေတယ်. . . ။

 

ခပ်ညံ့ညံ့စုတ်ချက်ပေမယ့်

အနူးညံ့ဆုံးဆီကနေ ပေါက်ဖွားလာတယ်. . . ၊

မြစ်ဖျားခံရာမှာ ရဲရင့်ပေမယ့်

ရင်ဆိုင်ရာမှာ နောက်တွန့်နေတယ်. ..။


ဟိုးခပ်ဝေးဝေး ခပ်ဝါးဝါး အရိပ်တစ်ခု . . . . . .

မိုးသက်မှုန်တွေ ပြိုကျပြန်တယ်

မီးတောင်က အိုအေစစ်ဖြစ်တာ

ကောင်းချီးပေးကြပေမယ့်

တောအုပ်လေး ကန္တရ ဖြစ်သွားတာ

ဘယ်သူ စာနာကြသလဲ။

 

အပြင်းထန်ဆုံး ခံစားချက်တွေဟာ

အနူးညံ့ဆုံးဆီကနေ ပေါက်ဖွားမှန်း

အားလုံးသိတယ်…..၊

အဲ့ဒီ. . . အနူးညံ့ဆုံးဟာ

အဆိပ်အပြင်းဆုံးလဲ ဖြစ်နေပြန်တယ်…။

 

တဖက်မှာ ချောက်ကမ်းပါး၊ တဖက်မှာ မုဆိုး

ချောင်ပိတ်မိနေတဲ့ သားကောင်လို

ငါ . . .

ဘယ်လမ်းကို ရွေးရမလဲ. . . .။

                                 ဆူး

In: ကဗျာ Posted By: Date: Mar 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment