ထွေရာလေရာ
လှောင်ပိတ်ခြင်းတွေနဲ့ ဒီအခန်း ကျဉ်းလွန်းတယ်ကွာ..
ရှိတာမှန်သမျှ ဖောက်သွန်ချရလောက်အောင်
ငါက အာသောကမင်းမှ မဟုတ်တာ..
ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါဘူး..။
တေလေတစ်ယောက် အရှုပ်တွေထည့်ထားတဲ့ ဆာလာအိတ်ကို ထမ်းလို
့အမှန်တရားကို လိုက်ရှာနေတုန်းပါဘဲ…။
အမှန်တရားက တေလေနဲ့တွေ့မှာ ကြောက်လို့
ပင်လယ်အောက်မှာ ပုံးအောင်းနေတဲ့
သွေးမရှိတဲ့ ပုဇွန်ဆိုတာလား…
ပင်လယ်ကြီးကို အငတ်ထားပြီး
ဆာလောင်ခြင်းရ့ဲ အကူအညီနဲ့ တွေ့ အောင်ရှာရမှာပေါ့.
အံတုထားတဲ့ ရေလှိုင်းရေ…
ကမ်းလွန်ရင်တော့ သဲမြေပြင်မှာ ခစားရမှာဘဲ..
မုသား၊ မာယာနဲ့ မှော်ဆရာတစ်ယောက်
ချရေးခဲ့တဲ့ဒဏ္ဍာရီ ၁၀ရာစုမှ ကျန်ခဲ့ပါပြီ
နွေဦးအစမှာ သစ်ရွက်တွေလည်း ကြွေကျခဲ့လို့
ကဝေရေ…
တေလေတစ်ယောက်ရဲ့ အတ္ထုပ္ဗတ္တိကို
ဘလာအတိုင်းထားခဲ့ပေးပါ…။ ။
Comment #3
လှောင်ပိတ်ခြင်းတွေနဲ့ ဒီအခန်း ကျဉ်းလွန်းတယ်ကွာ..
ရှိတာမှန်သမျှ ဖောက်သွန်ချရလောက်အောင်
ငါက အာသောကမင်းမှ မဟုတ်တာ..
……………
ခုမှ စဖတ်ဖူးတာ ဖိုးနမ်းကဗျာကို….လက်ကောင်းတဲ့ပုံပဲ..မိုက်ကြိုက်..ကြိုက်သွားတယ်
By: အသဲကွဲမိုး at Feb 28, 2011
Comment #5
ကဝေရေ…
တေလေတစ်ယောက်ရဲ့ အတ္ထုပ္ဗတ္တိကို
ဘလာအတိုင်းထားခဲ့ပေးပါ…။ ။
By: MyoZin at Jul 6, 2011
Comment #6
အားပေးတဲ့အတွက် ကျေးဇူးပါဘဲဗျာ
By: ဖိုးနမ်း at Jul 6, 2011




Comment #1
အံတုထားတဲ့ ရေလှိုင်းရေ…
ကမ်းလွန်ရင်တော့ သဲမြေပြင်မှာ ခစားရမှာဘဲ..
အဲ့စာသား လေးမိုက်တယ် ….