Professional Authors

နားလည်ရန် မလိုပါ

မျှော်လင့်ချက်တွေနဲ့
အိပ်ရာမ၀င်ခင်တော့ ဘုရားရှိခိုးခဲ့တာပဲ
မျှော်လင့်ချက်တွေနဲ့ပဲ
Obama ကိုလဲ Mr. President လို့ခေါ်ခဲ့တယ်…

Martin Luther King ရဲ့ မိန့်ခွန်း နားထောင်
မျက်ရည်လေးဝဲပြီး
အသမ်းအဝေ မပျက်ခဲ့တဲ့
ကိုယ့်ကိုကိုယ်တော့ မုန်းမိပါရဲ့
(လူပဲလေ…)

တချက်တချက်တော့
Mother Teresa ရဲ့motivation
ဘယ်ကရလဲလို့တော့ တွေးမိသား..

ဟုတ်ပါတယ်..
nargis တော့ပြီးသွားပါပြီ
ဒါနဲ့ပဲ ဘေးဒုက္ခတွေလည်း ပြီးသွားပြီလို့
ကိုယ့်ကိုကိုယ် အယုံသွင်း…
အ၀တ်အစားဖိုးနဲ့ တွက်ချက်ရင်း..
အလှူငွေပုံးကိုလည်း လျစ်လျူရှုခဲ့တယ်။

ဒီလိုပါပဲ.. အမေရယ်…
ရေလိုက် ငါးလိုက်….
ကျွန်တော့်မှာလည်း မျက်နှာဖုံးတခု ရှိလာခဲ့တယ်။
အမေ့ရင်ခွင်နွေးနဲ့ ဝေးနေတော့လည်း
အေးစက်စက် လောကကြီးကို
ပေစောင်းစောင်းပဲ ကြည့်ဖြစ်နေတာ
ခက်တယ် အမေ…

လူကြီးမင်းတို့ရဲ့ လောကထုံးတမ်းနဲ့ဆိုရင်တော့
ကျွန်တော်က အရိုင်းအစိုင်းပေါ့
မုန်းစမ်းပါ.. မုန်းစမ်းပါ..
မုန်းလိုက်စမ်းပါ…
………………….

လူကြီးမင်းများ
အခွင့်အရေးရတုန်း နင်းချေထားကြ
ကိုယ့်အလှည့်ကျရင်တော့ မနွဲ့စတမ်းပေါ့
ဒီအရိုင်းအစိုင်းကောင်က
သူမတူအောင် ရိုင်းပြတတ်တယ်။

ကောင်မလေးရေ…
နင်..ထားသွားလို့လည်း
ကမ္ဘာမပျက် မြေမပြိုပါဘူး..
ငါ့ကဗျာမှာ ငိုသံတွေပါလာတာကလွဲလို့
အရာရာဟာ အရင်အတိုင်း…..

မောင်စိန်ဝင်း စတဲ့
ခွဲခွာခြင်း ခရီးမှာ
ကျူပ်က ဧည့်လမ်းညွှန်ပေါ့…။

အရဲ

In: ကဗျာ Posted By: Date: May 30, 2009  
Comment #1

mite tel kwar… kyite tel… keep it up par jar… set lo pee post myar myar tin naing par say 😛

commentinfo By: Ei Mon Soe at May 30, 2009
Comment #2

kyay zu tin par tal jar.. 😀

commentinfo By: အရဲ at May 31, 2009
Comment #3

ကောင်းတယ် .. နားလည်ဖို့မလိုတာ ကောင်းတယ် .. လူတွေက ကိုယ်မသိတဲ့ အရာတွေကို နားလည်ဖို့ကြိုးစားရင်း .. သူများတွေကို နှစ်သိမ့်နေကြတာ .. ဘာမှ နားမလည်တာအကောင်းဆုံးပဲ

commentinfo By: thettwe at May 31, 2009
Comment #4

ဘာမှနားမလည်တာတော့ကောင်းဘူးထင်တယ်.. ဟီးဟီး
နားလည်သင့်တာနားလည်ပေါ့.. နားမလည်လည်း လည်ချင်ယောင်ဆောင်နဲ့ပေါ့.. ဟုတ်ဘူးလားရော်..

commentinfo By: အရဲ at May 31, 2009
Comment #5

နားမလည်ချင်ယောာင်ဆောင်တော့ ဒါဟန်ဆောင်တာပေါ့ .. လောကကြီးမှာ ဟန်ဆောင်ရတာက အပင်ပန်းဆုံးပဲတဲ့

commentinfo By: thettwe at May 31, 2009
Comment #6

ပင်ပန်းလား မပင်ပန်းလားတော့ မသိ။ အရဲကတော့ ဟန်ဆောင်တဲ့ သူရယ်၊ ညာတဲ့သူရယ်ကို အမုန်းဆုံးပဲ..

commentinfo By: အရဲ at May 31, 2009
Comment #7

ဟုတ်မှာပါ

commentinfo By: Zin Min at Jun 20, 2010
Comment #8

ဒိကဗျာထဲ ကနေ စိတ်ကောင်းလေး ကိုမြင်လိုက်၇တယ်… နာဂစ် အတွက် အလှူငွေပုံး…
အဲလိုလေး လိုက်လုပ်ဦးမယ်

commentinfo By: hnin at Aug 15, 2010
Comment #9

မှန်တယ်။ကောင်မလေးထားသွားလို့ကမ္ဘာပျက်စရာမလိုဘူး။
အချိန်ကကုစားသွားမှာပဲ။ငိုသံပါတာကလည်းခဏပဲနေမှာပါသူငယ်ချင်း။
အလိုအပ်ဆုံးကအချိန်ပါပဲကွာ။ရေးထားတာအရမ်းကောင်းပါတယ်။
အားပေးနေပါ့မယ်ဖတ်ပေးပါ့မယ်။ရေးသမျှဖတ်ပါတယ်။
ကြိုက်ပါတယ်။

commentinfo By: Zwe at Sep 20, 2010
Comment #10

လူကြီးမင်းများ
အခွင့်အရေးရတုန်း နင်းချေထားကြ
ကိုယ့်အလှည့်ကျရင်တော့ မနွဲ့စတမ်းပေါ့
ဒီအရိုင်းအစိုင်းကောင်က
သူမတူအောင် ရိုင်းပြတတ်တယ်။

ကောင်မလေးရေ…
နင်..ထားသွားလို့လည်း
ကမ္ဘာမပျက် မြေမပြိုပါဘူး..
ငါ့ကဗျာမှာ ငိုသံတွေပါလာတာကလွဲလို့
အရာရာဟာ အရင်အတိုင်း…..
………..
အရမ်းမိုက်တယ်

commentinfo By: အသဲကွဲမိုး at Feb 11, 2011
Comment #11

ကောင်မလေးရေ…
နင်..ထားသွားလို့လည်း
ကမ္ဘာမပျက် မြေမပြိုပါဘူး..
ငါ့ကဗျာမှာ ငိုသံတွေပါလာတာကလွဲလို့
အရာရာဟာ အရင်အတိုင်း…..

မောင်စိန်ဝင်း စတဲ့
ခွဲခွာခြင်း ခရီးမှာ
ကျူပ်က ဧည့်လမ်းညွှန်ပေါ့…။( တို့လည်း လွမ်းဆွေးခြင်းခရီး မှာ ဧည့်လမ်းညွန်ပဲ ….ဟီးးးးး)

commentinfo By: moonlight at Mar 22, 2011
Comment #12

wow,,,
mike de kwar.

commentinfo By: ei lay at Aug 21, 2011
Comment #13

nar le yan ma lo dot par,,
kyike de kwar,,,

commentinfo By: ei lay at Mar 3, 2012
Comment #14

လူကြီးမင်းများ
အခွင့်အရေးရတုန်း နင်းချေထားကြ
ကိုယ့်အလှည့်ကျရင်တော့ မနွဲ့စတမ်းပေါ့
ဒီအရိုင်းအစိုင်းကောင်က
သူမတူအောင် ရိုင်းပြတတ်တယ်။

commentinfo By: yelaylover2010 at Mar 26, 2012
Comment #15

ညာတဲ့သူကိုအမုန်းဆုံးတဲ့လားဗျာ ကျွန်တော်ကတော့ညာတဲ့သူကိုအမုန်းဆုံးနေရာမထားဘူးဗျ အေဒါပေမယ့်အပြင်မှာတွေ့ရင်တော့ သတ်ပစ်မိမှာအမှန်ဘဲ ~~
ကဗျာလေး ဖတ်လို့ကောင်းတယ်ဗျ
ကဗျာမှာ အားငယ်မှု ၊ ကိုယ့်ကိုယ်ကိုဖြေသိမ့်မှု ၊ တင်းမာမှုလေးတွေကိုတွေ့ရတယ် ။

With respect,
RAY

commentinfo By: X - ray at Dec 19, 2012
Comment #16

ကောင်းလိုက်တဲ့ ကဗျာလေးပါလား…. ကလောင်ရှင်ကို မှတ်ထားလိုက်ပြီ … အချိန်ရတိုင်း လာဖတ်ဖို့ပါ..

commentinfo By: ရင်ဝှက်ပန်း at Jan 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment