Professional Authors

ခံစားမှုထုချေလွှာ

 

မိုးစက်ကလေးတွေ

ကြွေတဲ့ညတညမှာ

ချစ်သူအတွက်

အိမ်မက်ကလေးတွေစီထားတယ် ။

ငွေ့ရည်ဖွဲ့နေတဲ့အလွမ်းကလေးတွေက

အတိတ်ဆိုတဲ့

ဖန်ခွက်နံဘေးမှာအစီအရီတင်ထားသလို

ချစ်သူရဲ့အပြုံးတွေကို

ကျွန်တော့်ကောင်းကင်မှာ ဖြန့်ကျက်ထားခဲ့တယ်

 

အတူတူထိုင်နေခဲ့ဖူးတဲ့

အင်းလျားကန်ဘောင်ကလေးမှာ

ဟိုးအရင်တုန်းကလို

စုံတွဲလေးတွေ ရွေ့လျားနေဆဲပဲ

တစ်ခုခုလိုအပ်နေပါတယ်

ပြန်မလာတော့တဲ့ နေ့ရက်တွေကိုထင်ပါရဲ့

အိပ်တော့လို့ပြောပေမယ့်

ကျွန်တော်ကိုယ်တိုင်အိပ်မပျော်ခဲ့တဲ့ည

 

ဘာကြောင့်ဆိုတာမသိရိုးအမှန်ပါ

ခဏခဏပြန်ပြန်မက်ခဲ့ပေမယ့်

ကျွန်တော့်အတွက်အိမ်မက်ဆိုးတစ်ခုမဟုတ်ခဲ့ပါ

တချက်ချက်မြည်နေတဲ့နာရီလေးက

ကျွန်တော့်ကို ပြောပါတယ်

မင်းနဲ့သူရဲ့ကြားက ကွာခြားမှုအချိန်ကာလလေးက

မင်းတို့ကိုပို၍ဝေးစေခဲ့တာလားတဲ့

မဟုတ်တာကွာ

အချိန်မတူ ရေမြေခြားပေမယ့်

နီးနေတဲ့ရင်ခုန်သံက

ဟိုအရင်ကလို့လတ်ဆတ်နေဆဲပါလို့

 

သီအိုရီထဲကအမှန်တရားကို

လက်တွေ့သရုပ်ဖော်မပြနိုင်ခဲ့ပါ

လက်တွေ့သဘောတရားများကိုလည်း

သီအိုရီတစ်ခုအဖြစ်မတည်ဆောက်ပြနိုင်ခဲ့

ဒါဟာကျွန်တော့်ရဲ့ညံ့ဖျင်းမှုပါပဲ

အလွဲလွဲအချော်ချော်တွေဖြစ်စေဖို့

ကံတရားတွေကို ဘုရားသခင်ကကျွန်တော့်ကို

လက်ဆောင်ပေးခဲ့တယ်ထင်ပါတယ် ။

 

မတွေးတော့ဘူးလို့ဆုံးဖြတ်လိုက်မှပဲ

သူမကိုပိုသတိရမိတယ် ။

လူ့ဓလေ့စရိုက်ဘာသာကို

မသင်ကြားပေးလိုက်တဲ့

ကျောင်းတော်ကြီးကိုအပြစ်တင်ပါတယ် ။

လူမှုရေးညံ့ဖျင်းတဲ့ ငါဖြစ်ခဲ့သလား ?

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့အမှားတွေ

ငါဘယ်လောက်ကျူးလွန်ခဲ့ပါသလဲ ?

ဒါဆို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့

အမှန်တရားကိုလက်ဆုပ်လက်ကိုင်ပြချင်ပါတယ် ။

ဘာမှမရှိတဲ့အရာကို တပ်မက်စွာဆုပ်ကိုင်ထားမိတယ် ။

ချစ်သူသိပါရဲ့လား ?

ဒါဟာ ဘာမှမရှိတဲ့

စွဲလမ်းစွာဆုပ်ကိုင်ထားမြဲဖြစ်တဲ့

ငါရှင်းပြချင်တဲ့ ခံစားမှုထုချေလွှာပါပဲ ။

 

In: ကဗျာ Posted By: Date: Feb 21, 2011
Comment #1

ကောင်းတယ် bro ရေ 🙂

commentinfo By: LoRdiE at Feb 21, 2011
Comment #2

အားပေးသွားပါတယ်
မင်းနဲ့သူရဲ့ကြားက ကွာခြားမှုအချိန်ကာလလေးက

မင်းတို့ကိုပို၍ဝေးစေခဲ့တာလားတဲ့

မဟုတ်တာကွာ

အချိန်မတူ ရေမြေခြားပေမယ့်

နီးနေတဲ့ရင်ခုန်သံက

ဟိုအရင်ကလို့လတ်ဆတ်နေဆဲပါလို့

commentinfo By: genius.jinx28 at Feb 21, 2011
Comment #3

အားပေးသွားတယ်…ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Feb 23, 2011
Comment #4

ခံစားချက်တွေအကုန်လုံးဖွင့်ထုတ်ထားသလိုပဲနော် … အားပေးလျက်ပါ ..။

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment