Professional Authors

နေရင့်ရင့် – နရီထက်

အလှဆုံးကို ၀တ်ခဲ့တယ်
လှတယ်လို့ အပြောခံချင်လို့
မကြာပါ ငါ့စိတ်တွေ နွမ်းလျခဲ့တယ်
သည်းမခံနိုင်ခဲ့လို့လား

အကောင်းဆုံးကို စားသုံးခဲ့တယ်
စိတ်ထွက်ပေါက်လို့ တင်စားခဲ့သေးတယ်
မကြာပါ မပျော်မွေ့ရာ
ဆိုင်အထွက်က ပြတင်းပေါက်အနားမှာ
လွတ်ထွက်တဲ့ငါ့စိတ်
ဇာတိမြေကို တူးဆွနေတုန်းရယ်

ကြီးကြီးမားမား အသာအနားလား
သူတို့ဆီက မားကတ်တွေ
ငါ ခြေကုန်အောင် လျှောက်ပတ်ခဲ့တယ်
သတိရနေတုန်းပဲ
ရန်ကုန်က အမေ့အိမ်စာပေရယ်
စာပေလောကရယ်
Today စာအုပ်တိုက်ရယ်
ပျော်မွေ့ရာ နေရာဟောင်းလေးဖြစ်စေခဲ့လား

အလှဆုံးကို ၀တ်ခဲ့တယ်
အကောင်းဆုံးကို စားခဲ့တယ်
မပျော်ပါ …
ဇာတိမြေကို သတိရနေတုန်းပါ
အရူးကောင်းစား တစ်မနပ်တဲ့လား
စိတ်တွေက အကောင်းစားဖြစ်အောင်
မွေးစားခဲ့သေးတယ်
မကြာပါ ခပ်ရူးရူးလေးပါပဲ

လွမ်းဆွေးသတိရခြင်းကြားမှာ
နေမြင့်လေ အရူးရင့်ခဲ့လေသလား
မကြာပါ သတိရနေတုန်းပါ
ဇာတိမြေရန်ကုန်ကိုလေး…။    ။

နရီထက်
( ၁၈ ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Feb 18, 2011
Comment #1

အရူးကောင်းစား တစ်မနပ်တဲ့လား
စိတ်တွေက အကောင်းစားဖြစ်အောင်
မွေးစားခဲ့သေးတယ်
မကြာပါ ခပ်ရူးရူးလေးပါပဲ

commentinfo By: ဆရာကြီး at Feb 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment