Professional Authors

ဇာတ်ဆရာရေးတဲ့ ဇာတ်ဆရာအလိုကျ !

နင် နဲ့ ငါ ရေးချနေတာ
ပြဇာတ်လား? ပုံပြင်လား ?
သေချာတာတော့ နင် က ဇာတ်ဆရာပဲလေ။

နင် ရေးတဲ့ ငါတို့ အတူကခဲ့ကြတဲ့
အပြုံး .. အပျော် .. အလွမ်း .. အဆွေး .. နာကျင် ..
နောက်ဆုံးတော့ ပျက်သုန်း(ဇာတ်သိမ်း)ပေါ့
နင် ………… မီးဝါ ၁ ချက်တောင် မပြခဲ့ဘူးလေ။

နင် တော်ပါတယ်
တကယ်ကို သေသပ်လှပတဲ့ဇာတ်လမ်း ၁ ပုဒ် ရေးစပ်ခဲ့တာ
နင်ရဲ့ မင်းသမီးက ငါပေါ့လေ။
ဟာဟ .. ငါ့ကို ရယ်ခွင့်လေးပေး
နင့် ဇာတ်ထဲက မင်းသမီးလေးအဖြစ် သတ်မှတ်ပေးခဲ့တဲ့အတွက်ပေါ့။

နင် … ငါ့ကို လက်ပြနှုတ်ဆက်နေပြီလား?
ငါ …. နင့်ကို လက်မပြသေးဘူး
သံသရာ ၁ ကွေ့မှာ နင့်ကျေးဇူး ကို ငါ ပြန်ဆပ်ချင်သူလေ
အဲ့အချိန်မှာတော့ ငါ … လက်ပြပေါ့မယ်။

နင်ရေးပေးတဲ့
သေသပ်လှပတဲ့ ဇာတ်မှာ
ငါ … ပါဝင်ခွင့်ရလို့လေ
နင် သိနိုင်မလား?
ငါ … ပုံပြင်လိုသာ ကြားဖူးခဲ့တာ
ငါ .. ကိုယ်တိုင် ပါဝင်(ခံစား)မှ
ဘယ်လောက် ခံစားလိုက်ရသလဲဆို
ငါ ……… နတ္ထိဖြစ်သွားခဲ့ရတယ်။

ဒါပေမယ့်လေ … ငါ ပျော်တယ် .. ကျေနပ်တယ်
နင့်ရဲ့အတိတ်က ငါပဲဆိုတာ သိနေလို့လေ။

နင်လဲ ပျော်ပါ .. ကျေနပ်ပါ
နင် နဲ့ ငါ ရဲ့ ပြဇာတ်လေးအတွက်ကိုပေါ့
ငါ့ကိုများ… နင် ၁ ယောက် တကယ်ချစ်ခဲ့တယ်ဆို
ငါ…..ပြောသလိုသာ နေထိုင်ပေးပါ
အဝေး ၁ နေရာကနေ ငါ …… ခံစားမိမှာပါ။

အခွင့်ကြုံလို့
တိုက်ဆိုင်မှူတွေရှိတဲ့အခါတိုင်းတောင်
ငါ့ ကို သတိမရလိုက်ပါနဲ့
ငါ ……….. နင့်ကို လူဆိုး ၁ ယောက်အဖြစ် မမြင်ချင်သူမို့ပါ။

ငါ ……… တိုက်ဆိုင်တိုင်းမှာ ပြုံးနေခဲ့ပေါ့မယ် ..
နင် ၁ ယောက်အတွက်ပေါ့။

(၁၅-၂-၂ဝ၁၁)

In: ကဗျာ Posted By: Date: Feb 15, 2011
Comment #1

kg del mama ei…

commentinfo By: phyu at Feb 16, 2011
Comment #2

ကောင်းပါတယ် ပန်းအိ . . . . ..:)

commentinfo By: လမင်းဇော် at Feb 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment