Professional Authors

နင်သိစေရန်

တေလေညရဲ့ သန်းခေါင်ချိန်
လမသာဘူး..ကြယ်မရှိဘူး..
ညရဲ့ ပကတိအမှောင်မှာ ငါခိုနားခဲ့တယ်
မိုးစက်တွေက တပေါက်ပေါက်ပေါ့…။
မျက်လုံးပြူးပြူးနဲ့ ဇီးကွက်တစ်ကောင်
ငါ့ရင်အစုံနားမှာ လွမ်းချင်တေးတွေ အော်ဟစ်ခဲ့လို့
ငါ့ဝိညာဉ်လည်း နင့်ဆီလွင့်ခဲ့ရပြီ..။
မိုးချူန်းသံတွေ ဝေ့ဝဲလို့
လူမသိအောင် တိတ်တဆိတ်အော်ခဲ့ဘူးတဲ့
ငါ့ရဲ့ လွမ်းချင်းတွေတောင် မိုးကြိုးနဲ့ရန်ဖြစ်ခဲ့သေးတယ်..။
စလုံးမှာ နှင်းကျတဲ့ ဆောင်းရက်ရောက်ရင်တော့
ဒီအကြောင်းတွေ နင့်ကို ပြောပြပါ့မယ်..။ ။

In: ကဗျာ Posted By: Date: Jun 20, 2011
Comment #1

ကိုဖိုးနမ်း…မြန်2ပြောပြနိုင်ပါစေ…
အားပေးသွားတယ်။

commentinfo By: poem.poem28 at Jun 20, 2011
Comment #2

ဟုတ်ကဲ့ပါဗျာ.. 🙂

commentinfo By: ဖိုးနမ်း at Jun 20, 2011
Comment #3

ကောင်းပါတယ်။……အားပေးသွားတယ်။ကိုဖိုးနမ်းေ၇

commentinfo By: Village chat kyi at Jun 20, 2011
Comment #4

မျက်လုံးပြူးပြူးနဲ့ ဇီးကွက်တစ်ကောင်
ငါ့ရင်အစုံနားမှာ လွမ်းချင်တေးတွေ အော်ဟစ်ခဲ့လို့
ငါ့ဝိညာဉ်လည်း နင့်ဆီလွင့်ခဲ့ရပြီ.
အဲအပိုဒ်လေးကို ကြိုက်ပါ၏
အားပေးနေပါတယ်….ကိုဖိုးနမ်းရေ

commentinfo By: khant naung at Jun 20, 2011
Comment #5

အားလုံးကို ကျေးဇူးပါဘဲဗျာ.. 🙂

commentinfo By: ဖိုးနမ်း at Jun 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment